Chapter 20_U

7.1K 704 70
                                    

A-connect သုံးစွဲသူအများအပြားမှာ ဟန်လေး၏ A-connect Acc အထိသို့ပါရောက်ရှိလာကြပြီး ဟန်လေးတင်ထားသည့် နောက်ဆုံး Post ၏အောက်၊ Chat Box များမှတစ်ဆင့် ဟန်လေးအားလာရောက်ဆဲဆိုကြတော့သည်။

ဟန်လေးက ထိုအကွက်ကို ကြိုတင်မြင်ခဲ့တာမို့ လွန်ခဲ့သည့် လပိုင်းများကပင် သူ၏ ဓာတ်ပုံများကို အကုန်ဖျက်ထားပြီး Profile ပုံတစ်ခုကိုသာချန်ထားခဲ့သည်။

ဒါတောင်သူချန်ထားခဲ့သည့် Profile ပုံအား edit လုပ်ကာ ညစ်ညမ်းစွာဖြင့် လာရောက်ဆဲဆိုသူများရှိပါသည်။

"ငတ်နေရင် တောင်းစားလေ ပရဟိတလုပ်တဲ့ ပိုက်ဆံတွေကို လိမ်စရာလား"

"အဲလောက်တောင်ငွေလိုချင်နေရင် အလှူငွေတွေကိုမဘုံးနဲ့ ဖင်ခံစားသိလား"

"တစ်ညဘယ်လောက်လဲ ... ငါပိုက်ဆံလုံလုံလောက်လောက်ပေးပြီး loe မှာပါ"

စသဖြင့် ညစ်ညမ်းမိုက်ရိုင်းသည့် Comment များ၊ ဆဲဆိုသည့် Comment များမှာ ဟန်လေး၏ နောက်ဆုံးတင်ထားသည့် Post အောက်တွင် ပြည့်နှက်တော့သည်။

Chat Box မှလည်း တကူးတက လာရောက်ဆဲရေးသူများလည်းရှိပါသည်။

ထိုအချိန်တွင် ဟန်လေးဘာလုပ်နေသည်ဟု သင်ထင်ပါသနည်း။

ဟန်လေးတစ်ယောက် သူ့ကိုကိုအား ဖက်ထုပ်ဆီချက် ချက်ကျွေးရန်အတွက် ဖေကြီးဖြစ်သူအား တိုးတိုးတိတ်တိတ်ပူဆာနေလေ၏။

စောသီဟမောင်က သူနေထိုင်သည့်ကွန်ဒို၏ အနီးအနားတွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်ကိုင်နေတာကြောင့် အိပ်မရပါ ဟုဆိုသည့် အကြောင်းပြချက်ကို သုံးကာ ဒီညဟန်လေးတို့၏အိမ်တွင် နေဖို့ စီစဉ်ထားတာဖြစ်သည်။

ခက်ဖျာမြို့ကိုပြန်သွားရန်အတွက်ကလည်း မဖြစ်နိုင်ပေ။

အကြောင်းကတော့ မနက်ဖြန်မနက်တွင် ဟန်လေး၏ သတင်းစာရှင်းလင်းပွဲရှိတာကြောင့်ဖြစ်သည်။

ထို့အခြေအနေအရပ်ရပ်ကို တင်ပြပြီးနောက် စောသီဟမောင်တစ်ယောက် ယောက္ခမဖြစ်သူထံသို့ ဒီည သူ့အား ယောက္ခမလောင်း၏အိမ်တွင် တစ်ညနေခွင့်ပေးပါရန် တောင်းဆိုထားခြင်းဖြစ်သည်။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now