"ကိုယ် မောင့်ကို သဝန်တိုတယ် စိတ်လည်းတိုတယ်"
"မောင် အေဂျင်စီကိုပြောပြီး ဟိုကောလာဟလကိစ္စကို ရှင်းခိုင်းလိုက်မယ်လေနော်"
သွင်မင်းခန့်ညားက သုခဘုန်းမိုရ်၏ နဖူးပြင်လေးအား ထိကပ်နမ်းရှိုက်ရင်းပြောလိုက်သည်။
"ကိုယ်သဝန်တိုတယ် ... မောင် အဲဒီမိန်းကလေးနဲ့ သတင်းထွက်တာလည်း သဝန်တိုတယ် ... အဲဒီမိန်းကလေးနဲ့ ထိုင်နေတာလည်း သဝန်တိုတယ် ... နောက်ပြီး မောင် အချစ်ဇာတ်လမ်းတွေရိုက်ရင် သဝန်တိုတယ် ... မောင် အနမ်းခန်းတွေရိုက်ရင်လည်း ကိုယ်သဝန်တိုတယ် "
"ဟုတ်ပြီ မောင်သိပြီ မောင်နောက်ဆို မင်းမကြိုက်တာတွေကို တတ်နိုင်သမျှရှောင်မယ် နော်"
"ကိုယ်နဲ့ မင်းပြည့်စုံဦးက သူငယ်ချင်းတွေမှန်း မောင်သိရဲ့သားနဲ့ ကိုယ့်ကို သူနဲ့ မပေါင်းခိုင်းဘူး ... သူနဲ့တွေ့မိရင် ကိုယ့်ကို မျိုးစုံရစ်တယ် ပြဿနာရှာတယ် ... ပြောကြည့်စမ်းပါ မောင့်အမြင်မှာကိုယ်က အဲ့လောက်တောင် မယုံကြည်ချင်စရာကောင်းနေတာလား ... ကိုယ်က ဖောက်ပြန်တတ်တဲ့သူလိုမျိုးဖြစ်နေလို့ မောင်က မယုံကြည်တာလား"
"မဟုတ်ပါဘူး မောင်က သူနဲ့ မင်းအတူတူရှိနေရင် သဝန်တိုလို့ပါ မင်းကို အဲ့လိုမျိုးမသတ်မှတ်ထားပါဘူး"
"ကိုယ် မောင်နဲ့ စကားများတဲ့အချိန် ကိုယ်စကားပြောမှားသွားခဲ့လို့တောင်းပန်တယ် ... ဒါပေမဲ့ တစ်ပတ် မောင်တစ်ပတ်ကျော် ကိုယ့်ကိုမဆက်သွယ်ဘူး ... ကိုယ်ဆက်သွယ်တော့လည်း မောင်ဖုန်းမကိုင်ဘူး A- Connect ပေါ်မှာ မောင့် အကောင့် မီးစိမ်းနေတာတွေ့တယ် ... မောင် တမင်သက်သက်ကိုယ့်ကို မဆက်သွယ်တာ ... ပြော မောင်နေနိုင်နေပြီလား ... မောင်ကိုယ်နဲ့ မတွေ့ဘဲနေနိုင်တယ် ... အဆင်ပြေတယ်ဆိုရင် လမ်းခွဲပေးရမလား ... မောင် ကိုယ်နဲ့ လမ်းခွဲချင်နေပြီလား"
"မဟုတ်ဘူး မောင် ဒီတိုင်း ..."
သွင်မင်းခန့်ညား စကားမဆက်နိုင်ခင် သုခဘုန်းမိုရ်က ဆက်ပြောလာသည်။
"သွင်မင်းခန့်ညား မင်း ကိုယ့်ကိုသာ အဖက်မလုပ်နိုင်တာ မင်း သွန်းပန်းချီဆိုတဲ့ မိန်းကလေးနဲ့ကျတော့ ပျော်ပျော်ပါးပါးစကားပြောနိုင်သေးတယ် ... နှစ်ယောက်တည်း တွေ့နိုင်သေးတယ် ... ကိုယ်မင်းကို တကယ်စိတ်တိုတယ်"
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။