Chapter 1_U

18.9K 1K 94
                                    

"မြတ်လေး ကိုယ့်ကို မောနင်းကစ်လေး ပေးပါဦး"

လာပြီ ... လာပြီ မိုးမလင်းသေးဘူး ဖခမည်းတော်၏ ကဲသဲမှုတစ်သိန်းက မမြင်ချင် မကြားချင်မှ တစ်ဆုံး။

"ဖေဖေ သား ပြီးပြီ ... အလုပ်မသွားခင် ဝင်စရာလေးရှိသေးလို့ သားသွားပြီနော်"

ဒါကတော့ ဒီအိမ်က အလိမ်မာအပါးနပ်ဆုံး ကိုသျှံရဲ့အသံပါပင်။

ဖေကြီး ကဲသဲတဲ့ ဒဏ်ကို မခံစားနိုင်လို့ မနက်စာကို အမြန်သွပ်ပြီး သူအရင်ဆုံးထွက်ပြေးသွားတာ။

"အကိုနော် ကလေးတွေရှိနေတာကို ဘယ်လိုဖြစ်နေတာလဲ"

ဒါကတော့ သူ့ဖေဖေဆီမှ တိုးကြိတ်ကြိတ်ထွက်လာသည့်အသံ။

ကြာဇံချက်ကို မွှေစားနေသည့် ဟန်လေးမှာတော့ သက်ပြင်းလေးများတချချ။

"ဖေကြီး ဖေဖေ မီးနဲ့ ငယ်လေးလည်း စားလို့ပြီးသွားပြီ ကျူရှင်ချိန်နီးနေလို့သွားတော့မယ်နော်"

"သွားပြီ ဖေ့"

ဒါကတော့ အငယ်နှစ်ယောက်ဆီက ထွက်လာသည့်အသံများပါပဲ။

သူလည်း ဖေကြီးကဲသဲတာကို ခံစားမယ့်အစား မြန်မြန်အကြောင်းရှာပြီး အလုပ်ကိုသွားချင်နေပါပြီ။

အလုပ်ချိန်က ဝေးနေသေးတဲ့အပြင် သူအလုပ်လုပ်နေတဲ့ မူကြိုကလည်း အိမ်နှင့်သိပ်မဝေးတာကြောင့် သူ့အစ်ကိုတွေလို ရှောင်ထွက်သွားလို့မရတာ။

"ကလေးတွေများ ဖအေတွေ ချစ်ကြည်နူးနေရင် မခံစားနိုင်သလိုလိုဘာလိုလိုနဲ့ သူတို့အလှည့်ကျမှ ကဲသဲနေကြည့်ပါ အကုန်လုံးကို လိုက်ထုပစ်ဦးမယ်"

ခန့်မင်းညိုက မျက်မှန်ကို ပင့်တင်ရင်း မကျေမနပ်ပြောလာသည်။

မြတ်လေးကတော့ သူ့ခင်ပွန်းအားကြည့်ပြီး ရယ်နေလျက်ပင်။

ဟန်လေးကတော့ ဖေကြီးတို့ ချစ်ကြည်နူးနေတိုင်း ကိုစောမောင်ကို အလွန်အမင်းသတိရတတ်တာမို့ ကြာဇံချက်စားနေရင်းကပင် ဝဲတက်လာသည့် မျက်ရည်များအား ဖခင်နှစ်ယောက်မသိအောင် ခိုးသုတ်မိသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က သူ ကိုမာဖြစ်နေရာကနေ ပြန်လည်သတိဝင်လာခဲ့တာဖြစ်သည်။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now