"ကျေးဇူးပါဗျာ ... အခုလို ကူညီပေးလို့"
"ရပါတယ်ဗျ ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရင်သွေးအိမ်မူကြိုအတွက်လည်း အကျိုးရှိတဲ့အလုပ်ပါပဲ ကူညီရမှာပေါ့"
ရိုက်ကွင်းခဏနားစဉ် ဒါရိုက်တာဝေမင်းယံက ရိုက်ကွင်းအနီးတွင် စောင့်ကြည့်နေသည့် ဟန်လေးထံသို့လာကာ ကျေးဇူးတင်ကြောင်း ပြောလာသဖြင့် ဟန်လေးမှာလည်း ကိုဝေမင်းယံအား အလိုက်သင့်ပင်ပြန်ပြောလိုက်ရသည်။
လွန်ခဲ့သည့်တစ်ပတ်ခန့်က ဒါရိုက်တာဝေမင်းယံတစ်ယောက် ဟန်လေးဆီသို့ဆက်သွယ်လာကာ သူလက်ရှိရိုက်ကူးနေသည့် ရုပ်ရှင်တစ်ခုမှ ဇာတ်ဝင်ခန်းတစ်ခုအား ရင်သွေးအိမ်မူကြိုတွင် လာရောက်ရိုက်ကူးချင်ပါကြောင်း ဟန်လေးထံတွင်တောင်းဆိုလာခဲ့သည်။
လွန်ခဲ့သည့်လများက ဟန်လေး ရင်သွေးအိမ်နှင့် ပတ်သတ်သည့် ကြော်ငြာတစ်ခုအားရိုက်ကူးရန် အကြံရဖူးသည်။
သွင်မင်းကိုပါဖွင့်ပြောခဲ့တာဖြစ်ပြီး သွင်မင်းကတော့ သူ၏အကြံအား အားပေးထောက်ခံခဲ့ကာ သူကိုယ်တိုင်ပင် သရုပ်ဆောင်အဖြစ် ရိုက်ကူးရေး၌ကူညီမည်ဖြစ်ကြောင်းပြောလာခဲ့သည်။
သို့သော်လည်း ကိုကြီးတေဇ၊ ကိုသျှံတို့နှင့် တိုင်ပင်ကြည့်သည့်အခါတွင်တော့ အစ်ကိုနှစ်ယောက်လုံးက ကန့်ကွက်ခဲ့ပြီး သွင်မင်းအား ရင်သွေးအိမ်နှင့်ပတ်သတ်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ပိုစ့်တင်ခိုင်းယုံလောက်သာ ပြုလုပ်ခိုင်းခဲ့သည်။
ထို့ကြောင့် ဟန်လေး၏ ရင်သွေးအိမ်မူကြိုအတွက် ကြော်ငြာရိုက်ကူးရန် အစီအစဉ်မှာပျက်သွားခဲ့ရသည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်က ဒါရိုက်တာဝေမင်းယံ၏ တောင်းဆိုချက်ကို ဟန်လေး ကြားသိရပြီးနောက် အရင်က ရိုက်ကူးရေးအတွက် စိတ်ကူးရှိဖူးသည့် ဟန်လေးမှာတော့ ဒါရိုက်တာဝေမင်းယံ၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။
ဒါရိုက်တာဝေမင်းယံက အရင်ဘဝက အမြင်ကတ်စရာကောင်းသည့် မင်းယံဆိုသည့်သူနှင့် ဆင်တူတာကြောင့် ဟန်မင်းမောင် အနည်းငယ်အမြင်ကတ်သော်ငြား ရင်သွေးအိမ်မူကြို၏ အကျိုးကိုကြည့်ကာ ဒါရိုက်တာဝေမင်းယံ၏ တောင်းဆိုချက်ကို ဟန်လေးလက်ခံခဲ့တာပင်။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။