သုံးလခန့်ကြာပြီးနောက် ...
ဟန်လေးရဲ့ နေ့ရက်တွေကတော့ အရင်ကထက်ပိုမိုအလုပ်ရှုပ်လာနေ၏။
ရင်သွေးအိမ်မူကြိုတွင် မူကြိုလာထားကြသည့် ကလေးအရေအတွက်က အရင်ကထက်ပိုမိုများပြားလာတာကြောင့် မူကြိုအဆောင်သစ်များဆောက်လုပ်ခြင်းနှင့် ကလေးဦးရေတိုးများလာသည်နှင့်အမျှ လိုအပ်လာသည့် uniform များ၊ သင်ထောက်ကူပစ္စည်းများနှင့် အခြားသောအထွေထွေပစ္စည်းများကိုလည်း သေချာစီမံရသေးသည်။
ကိုသျှံနှင့် ဖေကြီး၏ လှူဒါန်းမှုဖြင့် ကလေးငယ်များအတွက် ကစားကွင်းအသေးစားလေးလည်း ဆောက်လုပ်နေရတာမို့ အဘက်ဘက်တွင် မလစ်ဟင်းစေရန် ဒီသုံးလေးရက်အတွင်းပိုမိုကာ အလုပ်များနေရသည်။
ဒါတောင် အန်ကယ်ဦးဖြိုးကိုကိုက အဆောက်အဦးအပ်ပြီးနောက်တွင် လှည့်ကြည့်စရာမလိုလောက်အောင် သေချာစွာလုပ်ကိုင်ပေးသည့်သူဖြစ်တာကြောင့် ဟန်လေးအနည်းငယ်သက်သာတာပင်။
လွန်ခဲ့သည့် သုံးလက အန်ကယ်ဦးဘုန်းမိုရ်နှင့် အန်ကယ်ဦးမင်းသူရက ဟန်လေးကို သီးသန့်ခေါ်ကာ မူကြိုအတွက် အလှူရှင်များထံမှ လှူဒါန်းငွေများနှင့် မူကြိုအတွက် သုံးစွဲထားသည့်ငွေပမာဏများကို စာရင်းဇယားသေသေချာချာပြုလုပ်ရန်နှင့် ဖြစ်နိုင်လျှင် ကိုယ်တိုင်စစ်ဆေးပြီး ကိုင်တွယ်ဖို့အတွက်သတိပေးလာသည်။
မည်သူ့ကိုမှ လက်လွတ်စပယ်မယုံကြည်သင့်ကြောင်းနှင့် အထူးသဖြင့် မိမိက ပရဟိတလုပ်ငန်းလုပ်ဆောင်နေသည်မို့ တစ်ချက်မှားတာနှင့် တစ်သက်လုံးခေါင်းမဖော်နိုင်အောင်အရှက်ရနိုင်သည်အထိဖြစ်နိုင်ကြောင်း ဆုံးမခဲ့ကြသည်။
နဂိုကတည်းကဟန်လေးကိုယ်တိုင်လည်း စာရင်းဇယားများကို ကိုယ်တိုင်ကိုင်တွယ်ပြီး ကုန်ကျစရိတ်မှန်သမျှ၏ဘောင်ချာ၊ စာရွက်စာတန်းအားလုံးအား ဟန်လေး၏ ကိုယ်ပိုင်ဗီရိုထဲတွင် သေချာသိမ်းဆည်းထားတာဖြစ်သည်။
မည်သည့်အရာကိုမှာပေါ့ပေါ့တန်တန်မလုပ်ခဲ့။
သို့သော်ငြား မိမိ၏လက်အောက်တွင်လုပ်ကိုင်နေသူများအပေါ်တွင်တော့ မိသားစုသဖွယ်သတ်မှတ်ထားသည်မို့ သူ့တို့အပေါ်တွင်လည်းယုံကြည်မိကာ တကူးတကကြီး သတိမထားမိခဲ့။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။