Chapter 19_Z

2K 74 2
                                    

လွန်ခဲ့သည့် နှစ်လကျော်ခန့်က လွင်မိုးဟိန်းတစ်ယောက် ဟန်လေးအား စောသီဟမောင်၏ကွန်ဒိုတွင် စောသီဟမောင်မရှိခိုက် လာရောက်တွေ့ဆုံခဲ့သည်။

ထိုနေ့က ဟန်လေး၏ပုံစံကိုကြည့်ပြီး လွင်မိုးဟိန်းတစ်ယောက် အတော်လေးဒေါသထွက်သွားကာ ဒေါသအား မနည်းထိန်းချုပ်ထားရသည့်ပုံပါပဲ။

လွင်မိုးဟိန်းက ဟန်လေးအား ကိုစောသီဟမောင်အနားကထွက်သွားရန်နှင့် ကိုစောသီဟမောင်အနားက ထွက်မသွားပဲ ဆက်လက်ကပ်တွယ်နေပါက သူ့အဆိုးမဆိုရန်ပါခြိမ်းခြောက်ခဲ့သေးသည်။

ထို့အပြင်ဟန်လေး ကိုစောသီဟမောင်ထံမှထွက်သွားမည်ဆိုပါက လွင်မိုးဟိန်းဘက်မှ များပြားသည့် ငွေပမာဏတစ်ခုအား ဟန်လေးအားပေးပါမည်ဟု ပြောသွားခဲ့သေးသည်။

ဟန်လေးမှာတော့ ရယ်ရခက်ငိုရခက်နှင့်ပါပဲ။

ကိုစောသီဟမောင်ပြန်လာသည့်အချိန်တွင်တော့ ဟန်လေးမှာ ကိုကို့အား လွင်မိုးဟိန်းလာရောက်ကာပြောဆိုသွားသည့် အကြောင်းစုံအားပြောပြခဲ့သည်။

ထိုအခါတွင်တော့ ကိုစောသီဟမောင်က ဟန်လေးအားအလွန်စိုးရိမ်ပူပန်သွားခဲ့ပြီး လွင်မိုးဟိန်းနှင့် သူ၏အကြောင်းအပြင် လွင်မိုးဟိန်းက ကိုစောသီဟမောင်ကိုသာမက ဟန်လေး၏နောက်ကိုပါ လူများလွှတ်ပြီး နောက်ယောင်ခံလိုက်နေသည်ဆိုသည့်အကြောင်းကိုပါ ပြောပြလာခဲ့သည်။

ထိုအကြောင်းကိုကြားသိပြီးနောက်တွင်တော့ ဟန်လေးမှာ ထိတ်လန့်သွားရတော့၏။

သို့သော်လည်း ကိုကိုက ဟန်လေး၏နောက်ကွယ်တွင် သူ့လူများကိုလွှတ်ထားကြောင်းနှင့် အန်ကယ်ဦးမင်းသူရလက်အောက်မှလူများကပါ ဟန်လေးကို ကာကွယ်ပေးနေသည်ဆိုသည့် အကြောင်းသိရချိန်မှာတော့ ဟန်လေးတစ်ယောက်စိတ်အေးသွားခဲ့ရသည်။

ထို့နေ့ပြီးနောက်တစ်ရက်မှာတော့ အန်ကယ်ဦးဘုန်းမိုရ်ကိုယ်တိုင် ဟန်လေးတို့အိမ်သို့ရောက်လာခဲ့ပြီး ဟန်လေးအား သတိဝီရိယထားရန်နှင့် လူတိုင်းကိုအယုံမလွယ်ဖို့ ထပ်မံမှာကြားလာသည့်အပြင် ဦးမင်းသူရက ဟန်လေး၏ လက်အောက်မှ ဝန်ထမ်းနှစ်ယောက်၏ ဟန်လေးအပေါ်တွင်အကောက်ကြံရန်အကြံအစည်အားတွေ့ရှိထားကြောင်း ပြောပြလာခဲ့သည်။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now