(Warning ... ချစ်သူစုံတွဲများ၏ချစ်ကြည်နူးတစ်တီတူးသည့်အကြောင်းအရာများသာဖြစ်တာမို့ အချိုကဲပါသဖြင့် ဆီးချိုတက်နိုင်ပါသည်။)
မနက်ကိုးနာရီခန့်အချိန်။
လေနှင်အိုင်အနီးမှ Remember ဟိုတယ်၏ အပေါ်ဆုံးအထပ်ရှိ ရေကူးကန်တွင်ဖြစ်သည်။
အပေါ်ပိုင်းဗလာဖြင့် ဘောင်းဘီတိုအားဝတ်ဆင်ထားသည့် သုခဘုန်းမိုရ်က ရေကူးကန်ဘောင်တွင် ခြေဆင်းထိုင်နေကာ ရေကူးကန်အတွင်း ရေကူးနေသည့် ဟန်လေးအား ကြည့်နေသည်။
ခဏကြာတော့ သွင်မင်းခန့်ညားက ဟိုတယ်မှ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းတစ်ယောက်နှင့်အတူ သူတို့ထံသို့ရောက်လာသည်။
ဝန်ထမ်းက ဟန်လေးတို့မှာထားသည့် အစားအသောက်များအားသယ်ဆောင်လာသည့် ဗန်းအား သတ်မှတ်ထားသည့် စားပွဲပေါ်တွင် ချပြီးနောက် သွင်မင်းခန့်ညားက ထိုဝန်ထမ်းကိုသွားခိုင်းလိုက်တော့သည်။
သွင်မင်းခန့်ညားက Orange Juice တစ်ခွက်ကိုယူကာ သုခဘုန်းမိုရ်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သုခဘုန်းမိုရ်အား လက်ထဲမှ Orange Juice ထည့်ထားသည့် ဖန်ခွက်ကို ပေးလိုက်သည်။
သူတို့ထံသို့ရေကူးရင်းရောက်လာသည့် ဟန်လေးက ရေကူးကန်ဘောင်အား ကိုင်ရင်း သုခဘုန်းမိုရ်၏ နံဘေးတွင် အမောဖြေနေသည်။
"သွင်မင်း ငါ့ကိုလည်း Orange Juice လေးပေးပါဦး "
ဟန်လေးကတော့ ပြောတော့ သုခဘုန်းမိုရ်က သူလက်ထဲမှ သူမသောက်ရသေးသည့် Orange Juice ခွက်အား ဟန်လေးထံသို့ပေးလိုက်၏။
သွင်မင်းခန့်ညားကလည်း အလိုက်တသိပင် စားပွဲပေါ်မှ Orange Juice နောက်တစ်ခွက်ကိုယူကာ သူ့ချစ်သူလေး၏လက်ထဲသို့ထည့်ပေးလိုက်ရင်း အအေးသောက်နေသည့် ဟန်လေးအား မေးခွန်းထုတ်လိုက်၏။
"ကိုဟန်လေးနဲ့ ကိုစောသီဟမောင်က တွဲနေကြတာမလား"
"ဖူး အဟွတ် အဟွတ်"
သွင်မင်းခန့်ညား၏စကားကြောင့် Orange Juice သောက်နေသည့် ဟန်လေးမှာတော့ ချောင်းတဟွတ်ဟွတ်ဆိုးကာ သီးသွားရသည်။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။