နေ့လည် ၁၁ နာရီခန့်အချိန်၊ စောသီဟမောင်တို့လုပ်ငန်းစုလက်အောက်မှ ဟိုတယ်တစ်ခု၏အခန်းတစ်ခုအတွင်းတွင်ဖြစ်သည်။
ဟန်လေး၏ မျက်တောင်လေးများက တုန်ယင်လို့လာကာ မျက်လုံးအစုံမှာလည်း ဖြည်းဖြည်းချင်းပွင့်လို့လာနေသည်။
ဝေဝါးနေသည့် မြင်ကွင်းက တဖြည်းဖြည်းကြည်လင်လို့လာနေပြီး သတိကောင်းကောင်းဝင်လာချိန်တွင်တော့ ရင်းနှီနေသည့် အညိုရောင်ရင်ခွင်ကျယ်ကြီးအတွင်းသို့ရောက်ရှိနေကြောင်းဟန်လေးသိလိုက်ရတော့သည်။
ဟန်လေးတစ်ယောက်အနည်းငယ်ကြောင်အသွားပြီး ခဏအကြာတွင်တော့ သူနှင့် ကိုကို၏ ကားပေါ်မှ အဖြစ်အပျက်များ၊ ဟိုတယ်တွင် ညလုံးပေါက် ချစ်ပွဲဝင်ခဲ့ကြသည့်အဖြစ်အပျက်များမှာ ဟန်လေး၏ခေါင်းအတွင်း အစီအရီဝင်လို့လာတော့၏။
"နိုးပြီလား ဟန်လေး"
စောသီဟမောင်က ရင်ခွင်ထဲမှ သူ့အချစ်ကလေး၏ နှဖူးကိုခပ်ဖွဖွနမ်းရင်း မေးလာသည်။
နိုးကစဖြစ်တာကြောင့် စောသီဟမောင်၏ အသံတို့က ခက်အက်အက်။
"ကိုကို ဟန်လေးတို့ ဘယ်လိုဖြစ်လို့ ..."
စောသီဟမောင်က ဟန်လေးမေးချင်သည့်မေးခွန်းအား သဘောပေါက်သည်။
ထို့ကြောင့်ပင် မနေ့က ဖြစ်ပွားသွားသည့် အဖြစ်အပျက်များအား စောသီဟမောင်က ဟန်လေးကို ဖြည်းဖြည်းချင်းပြောပြလာ၏။
စောသီဟမောင်၏ ပြောပြချက်များကြောင့် ဟန်လေးတစ်ယောက် ဖြစ်ကြောင်းကုန်စင်အကုန်ကို လုံးစေ့ပတ်စေ့နားလည်လို့သွားတော့သည်။
ကြောက်စိတ်များကြောင့် တုန်ယင်သွားရသည့် ဟန်လေးမှာတော့ သူ့ချစ်သူ၏ ခါးကိုဖက်ကာ ရင်ခွင်အတွင်းသို့ တိုးဝင်မိတော့၏။
အကယ်၍များ ကိုကိုသာ ကြိုတင်ပြင်ဆင်ထားမှုမရှိခဲ့ပါလျှင်။
အကယ်၍များ ကိုကိုသာ ဟန်လေးကို မတွေ့ခဲ့ပါလျှင်။
အကယ်၍များ ကိုကိုသာ နောက်ကျသွားခဲ့ပါလျှင်။
နောက်ဆက်တွဲအဖြေကတော့ ဟန်လေး ထိုလူယုတ်မာဝေမင်းယံ၏ ယုတ်မာမှုကိုခံရပြီး ထိုလူလက်အတွင်းသို့ ကျရောက်သွားပေလိမ့်မည်။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။