"ဟင်း"
သုခဘုန်းမိုရ် Contact ထဲမှ "မောင်"ဟုမှတ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုနေတာဖြစ်ပြီး တစ်ဖက်က မကိုင်တာမို့ သက်ပြင်းချလိုက်ကာ ဆိုဖာပေါ်တွင်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။
သူတို့နှစ်ယောက်စကားများပြဿနာတတ်သည့်နေ့ကစပြီး မောင် သူ့ဆီကို မလာတာတစ်ပတ်ကျော်ပြီဖြစ်သလို သူဖုန်းခေါ်တာမကိုင်သည်မှာလည်း တစ်ပတ်ကျော်ရှိပြီဖြစ်သည်။
ပြဿနာက လွန်ခဲ့သည့်တစ်ပတ်ကျော်ခန့် သုခဘုန်းမိုရ်၏ကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်းဖြစ်သည့် မင်းပြည့်စုံဦးမှာ ခက်မမြို့ကိုရောက်တုန်း သုခဘုန်းမိုရ်ကို ဝင်တွေ့ရာကစသည်။
မင်းပြည့်စုံဦးက ကျောင်းတုန်းက သုခဘုန်းမိုရ်ကို တစ်ဖက်သတ်ကြိုက်ခဲ့သူဖြစ်ပြီး သွင်မင်းခန့်ညားက ထိုမင်းပြည့်စုံဦး သူ့အားလိုက်ဖူးကြောင်း ကောင်းကောင်းကြီးသိသူဖြစ်သည်။
မင်းပြည့်စုံဦးအား သုခဘုန်းမိုရ် ဧည့်ခံစကားပြောနေခိုက် သွင်မင်းခန့်ညားက ရောက်လာကာ မင်းပြည့်စုံဦးပြန်သွားပြီးနောက် သွင်မင်းခန့်ညား၏ သဝန်တိုပါသည်ဆိုသည့် ခေါင်းစဉ်အောက်တွင်နှစ်ယောက်သားစကားများကြသည်။
သုခဘုန်းမိုရ်က သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ရိုးရိုးသားသားတွေ့ဆုံခြင်းဖြစ်ပါကြောင်း ထပ်ခါထပ်ခါရှင်းပြခဲ့သော်လည်း ခေါင်းမာသည့် သွင်မင်းခန့်ညားက လက်မခံ။
အတင်းပင် မင်းပြည့်စုံဦးအားအဆက်အသွယ်ဖြတ်ခိုင်းသည်။
လွတ်လပ်စွာနေလိုပြီး ချုပ်ချယ်တာမကြိုက်သည့်သုခဘုန်းမိုရ်တစ်ယောက် စိတ်ထိန်းနေသည့်ကြားမှ ဒေါသထွက်သွားပြီး "ဒီလိုမှန်းသိရင် မင်းနဲ့မတွဲခဲ့ဘူး" ဟု သွင်မင်းခန့်ညားအား အော်ပြောမိခဲ့သည်။
ထိုစကားအားကြားသည့် သွင်မင်းခန့်ညားကတော့ တရှူးရှူးတရှဲရှဲနှင့် ဒေါသတကြီးဖြစ်ကာ ဆိုင်မှ ထွက်သွားတော့သည်။
ထိုအချိန်ကစပြီး သွင်မင်းခန့်ညားနှင့် အဆက်အသွယ်မရတော့။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။