Chapter 5_Z

2.5K 77 7
                                    

"တင်း"

ဟန်လေး အိပ်ရာပေါ်လှဲကာ A-Connect ပေါ်မှ အတင်းအဖျင်းများအား လိုက်လံစပ်စုနေစဉ် Friend request ဝင်လာတာကြောင့် ကြည့်မိလိုက်တော့ Saw Thiha Maung ဆိုသည့် Acc Nameဖြင့် ဟန်လေးအားလာ Add ထားသည်ကို တွေ့လိုက်ရသည်။

ဟန်လေး အရင်ဆုံး Friend အဖြစ်လက်မခံသေးပဲ တစ်ဖက်လူ၏ Wall ထဲသို့ ဝင်ကာ Profile Picture အား ထောက်ကြည့်လိုက်တော့ ထိုလူကအရက်ခွက်တစ်ခွက်ကိုကိုင်ပြီး ကုလားထိုင်အား ပျင်းတိပျင်းရွဲဖြင့် ကျောမှီကာ ထိုင်နေသည့်ပုံ။

အနက်ခံအပေါ် အဖြူပွင့်များရေးဆွဲထားသည့် ဟာဝိုင်အီရှပ်လက်တိုကို ဝတ်ဆင်ထားပြီး ရင်ဘတ်က ကြယ်သီးနှစ်လုံးဖြုတ်ထားတာကြောင့် ထိုလူ၏တောင့်တင်းသန်မာသည့် ရင်အုပ်ကြွက်သားများကို မြင်တွေ့နေရ၏။

ဆံပင်ကို ဒီနေ့ နေ့လည်တုန်းက မြင်တွေ့ခဲ့ရသကဲ့သို့ သပ်သပ်ရပ်ရပ်မဖြီးသင်ထားတာကြောင့် လှိုင်းတွန့်ဆံပင်များက ဝဲကျနေကာ ထိုအမျိုးသားမှာ လူငယ်ပိုဆန်နေသည်။

အနည်းငယ်ပြုံးရယ်နေတာကြောင့် သွားဖြူဖြူတန်းက ပေါ်လွင်နေကာ ဟန်လေး အနေဖြင့် ထိုပုံကိုကြည့်ပြီး အားလုံးကို ခြုံငုံပြီးပြောရပါက ထိုယောက်ျားက သေလောက်အောင် ဆွဲဆောင်မှုရှိနေပါ၏။

"ဟွန့် ဒီလောက်ဖော်ပြီး အကုန်လုံးကိုလိုက်မြူဆွယ်နေတာ ... လှလည်းမလှပဲနဲ့"

ဟန်လေး တစ်ယောက် မကျေမနပ်ရေရွတ်ကာ ထိုပုံကိုဖိလိုက်ပြီး ဖုန်းထဲသို့ Save လိုက်သည်။

ထို့နောက် ထိုလူ၏ Wall ထဲသို့ ထပ်မံဝင်ရောက်စပ်စုလိုက်၏။

ထိုလူ တင်ထားသည့် Post များက သူကိုယ်တိုင်၏အကြောင်းနှင့် ပတ်သတ်ပြီး ဘာမှမရှိ။

သူ့ ဟိုတယ်နဲ့ ပတ်သတ်သည့် ကြော်ငြာများနှင့် လူပျောက်ကြေငြာ၊ ခွေးပျောက်ကြေငြာများသာ။

ထွေထွေထူးထူးဘာမှမရှိတာကြောင့် ဟန်လေး ထိုလူ၏ Wall ထဲမှ ပြန်ထွက်လာပြီး သူ့ကိုယ်ပိုင် Profile Picture အား ကြည့်လိုက်တော့ အဖြူရောင်ကြောင်ပုံလေး။

အကြံတစ်ခုကာ အိပ်ရာပေါ်တွင် ဝမ်းလျားမှောက်နေရာမှ ပက်လက်လှန်လိုက်၏။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now