Chapter- 16

195 7 0
                                    


"ငါဒီမှာထိုင်လို့ရတယ်မလား ကဏ္ဍဦးတည်"

အသံက ခနဲ့သံအပြည့်နဲ​....​အင်းးလေ အာ့လောက်တော့အသံကတင်းနေမှာပေတေ...သိတဲ့ပုံတွေ မလုပ်ဘဲနေရအောင်လို့ ပြောခဲ့တာ သူပဲလေ... မာနကြီးပုံကမပြောင်းလဲသေးဘူး....အရင်ကကျောင်းမှာဆို သူ့ရဲ့ဒီလိုလေသံမျိုးနဲ့ အပြောမခံရတာ ကျွန်တော် တစ်ယောက်ပဲရှိတယ်....

"မရဘူး"

အာ့လေသံမျိုးနဲ့တော့ ဒီအဖြေပဲရမယ်...

"နင်.....

"တည်ရာ အရင်ကမင်းသူငယ်ချင်းမလား ထိုင်ခိုင်းလိုက်ပါ"

ဒီလေသံနဲ့ လာပြောနေတာတောင် သူငယ်ချင်းတွေလို့ထင်နိုင်တဲ့ကမ္ဘာဦးညီရဲ့ ဦးနှောက်ကိုရွှေချထားချင်ရဲ့....

"ထိုင်ပါ ကိုယ်တို့နဲ့ ရပါတယ်"

"ကဏ္ဍဦးညီ ဟုတ်လား ကဏ္ဍဦးတည် နင့်ညီက အရင်ကနင့်ပုံစံအတိုင်း...

"နင်ထိုင်မှာလား စကားများမယ်ဆို သွားတော့"

"ငါထိုင်မှာပါ...

ပြောရင်းဆိုရင်း ထိုင်ခုံကိုဆွဲပြီးယူထိုင်ကာ...

"ငါ ဘယ်လိုတွေးတွေး အဖြေမထွက်ဘူး...နင်ဘာလို့ငါ့ကိုအာ့လို လုပ်ရတာလဲ..."

"ဘာကိုလဲ... ဘာနေနေ မပြောနဲ့အခု နင်နဲ့ငါနဲ့နှစ်ယောက်တည်းပြောနေရတယ်ထင်နေတာလား..အဲ့ကိစ္စငါတို့ပြောပြီးပြီထင်တာပဲ"

"နင်...တာဝန်မယူတတ်ပဲ ဘာလို့ငါ့ကို ဇယားလာရှုပ်ခဲ့တာလဲ"

"အဲ့အတွက် ငါတောင်းပန်ထားတယ်လေ နင်လဲကျေနပ်ပြီးပြီပဲ အခုမှဘာလာဖြစ်တာလဲ"

"နေပါအုံး ဒီက ဆောင်းရတီလားဘာလား..
ကိုယ့်အကို က ဘယ်လိုတာဝန်မယူတတ်တာလဲ...ဘယ်လိုအမှားမျို့မလို့ ဒီလောက်ထိဖြစ်....

"ညီ မင်းနဲ့မဆိုင်ဘူး ဝင်မပြောနဲ့ ဆောင်းးငါပြောမယ် နင်အာ့လောက်သိချင်နေရင်...ငါနင့်ကိုခင်ခဲ့တယ်ဆိုတာမှန်တယ်..ဒါပေမယ့် မချစ်ခဲ့ဘူး....အဲ့တာ ဟိုကောင်သုခရဲနောင်တို့လုပ်တာနင့်ကိုငါဘာစာမှလည်းမပေးခဲ့ဘူး...နားလည်ပြီလား ဒီလောက်ဆို...ငါသာနင့်ကိုချစ်နေရင် စာတောင်ပေးမနေဘူး...တစ်ခါတည်းပြောလိုက်မှာ"

One Day I Will Love You Back (completed)Where stories live. Discover now