Chapter-46

196 10 5
                                    


သန့်စင်ခန်းထဲကအထွက် လက်ဆေးကာ
ငုံ့နေရာမှ မှန်ထဲ မော့ကြည့်လိုက်ချိန် အနောက်ကနေ ကျွန်တော့်ကို စိုက်ကြည့်နေသော လူ....ထိုလူကြောင့် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရသည်.....

"မတွေ့ရတဲ့အတောအတွင်းမှာ ကောင်းကောင်းအရွယ်ရောက်လာပြီပဲ....ကောင်လေး...."

"ဦး ရဲ ဝင့် ကဏ္ဍ......"

"ကိုယ့်ကို မှတ်မိနေသေးတဲ့အတွက် ဝမ်းသာရမှာပဲ.....နေကောင်းရဲ့လား....
ဒီအတောအတွင်း ပျော်နေပုံပဲ.....ကောင်းကင်တံမံဆိုတဲ့ကောင်လေးကြောင့်..."

"ခင်ဗျားးး....သူ့ကိုသိနေစရာ ဘာအကြောင်းမှမရှိဘူး.....ပြီးတော့ အခုချိန် ကျွန်တော့်ရှေ့ ပြန်ပေါ်လာတာ ဘာအတွက်လဲ.....သေချာတာတစ်ခုကတော့ ကျွန်တော်အရင်ကလို ဘာမှပြန်မလုပ်နိုင်တဲ့ ခလေးတစ်ယောက်မဟုတ်တော့ဘူး ဆိုတာပဲ...."

အရင်အချိန်တွေကြောင့်သာ ဒီလူကို မြင်တာနဲ့ စိတ်က ခနယိုင်နဲ့သွားပေမယ့်.....အခုအနေအထားက ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းကောင်းကာကွယ်နိုင်တဲ့အနေထားဆိုတာ ဒီလူထပ် ခေါင်းတစ်လုံးလောက်သာနေတဲ့အရပ်က သက်သေပဲလေ....

"မမရော....နေကောင်းရဲ့လား...."

"ခင်ဗျားပါးစပ်က.....မမဆိုတာကို ထွက်မလာနဲ့..."

"ဘာလို့ ငါ့ကို အဲ့လောက်ခါးခါးသီးသီး ဖြစ်နေခဲ့တာလဲ....မင်းအပေါ် ငါအမြဲကောင်းခဲ့တယ်လေ..."

"ကျွန်တော်နဲ့ မေ့ အပေါ် ရွံစရာတွေ လုပ်ခဲ့တာရောထည့်မပြောတော့ဘူးလား....."

"အဲ့တာ....ငါ့အနားကနေ မင်းတို့ ထွက်သွားကြမှာ ငါအရမ်းကြောက်လို့.....လုပ်မိခဲ့ရုံပဲ...."

"ကျုပ်ရှေ့ထပ်ပေါ်မလာပါနဲ့တော့.....
ကျွန်တော့်ချစ်သူအနားမှာလည်း ဝေ့လည်ဝေ့လည်  မလုပ်နဲ့....သတိပေးထားတယ်....မဟုတ်ရင် တစ်ခုခုလုပ်မိလိမ့်မယ်...."

သန့်စင်ခန်းထဲကနေ အတတ်နိုင်ဆုံး မြန်မြန်ထွက်လာခဲ့လိုက်တယ်....အပြင်ရောက်မှ စိတ်ကိုဒုန်းဒုန်းချကာနံရံကိုမှီ၍ ထိုင်ချပစ်မိတယ် ....တင်းခံထားတဲ့ စိတ်က ထိုလူရဲ့မျက်ကွယ်ရာရောက်မှ ချက်ချင်းဆိုသလိုပျော့ကျသွားရတယ်.....ကျွန်တော့် အသက်ရှုသံတွေတောင် မှန်နေရဲ့လားဆိုတာ မသိတော့ဘူး.....အခု ခေါင်းထဲဝင်လာတာက ကောင်းကင်တံမံ ဆီရောက်အောင်သွားရမယ်.....

One Day I Will Love You Back (completed)Where stories live. Discover now