Chapter-24

191 6 0
                                    


ကောင်းကင်တံမံ ဟိုကြည့်ဒီကြည့်နဲ့ ခြုံကြားထဲတိုးဝင်နေတာ....သူ မဟုတ်မှ စာမေးပွဲဖြေခါနီးမှာတောင် ချိန်တွေ့နေတာလား....လိုက်ချောင်းကြည့်တာတော့မဟုတ်ပေမယ့် သူဝင်သွားတဲ့ ခြံထဲ ကျွန်တော်လည်း လိုက်တိုးဝင် ကြည့်လိုက်တယ်.....အဲ့ခြုံရဲ့ဟိုဘက်မှာ နေရာရှိနေသေးတာလား....

ဂျွတ်....

သွားပြီ...ဒီသစ်ကိုင်းကဘာလို့ ဒီနားမှာရှိနေရတာလဲ....

"အာ...ငါ..မင်းနောက်လိုက်လာတာမဟုတ်....ပါဘူး
ဒီတိုင်းးမင်းဝင်သွားတာတွေ့လို့.....

"ဝင်ခဲ့လိုက်"

ခြုံဝမှာ ကိုယ်တစ်ပိုင်းတစ်နေတဲ့ ကျွန်တော့်ကို ဝင်ခဲ့လို့ခေါ်တာကြောင့် ကျွန်တော်လည်း မူမနေတော့ပါဘူး...ရှက်ရှက်နဲ့ပဲ လိုက်ဝင်လိုက်တော့တယ်...မဟုတ်လည်းမိသွားပြီပဲ...သူ့နောက်ကလိုက်ချောင်းနေတယ်လို့ ထင်သွားမှာပဲ....

"လှတယ်မလား"

"အင်းးမဆိုးပါဘူး"

"မဆိုးပါဘူးတဲ့လား...ငါဆိုဒီနေရာကိုတွေ့တုန်းက အံ့သြသွားတာ"

"ငါဒီထပ်လှတဲ့နေရာတွေ တွေ့ဖူးတယ်လေ"

"သြော်....

သူဒီနေ့တော့ ကျွန်တော့်ကိုစကားပြောနေတာပဲ....ကျွန်တော် အိမ်မက်မက်နေတာလား....
စိတ်ရှုပ်တဲ့ပုံမပေါ်ပဲ ကျွန်တော့်ကိုစကားကောင်း ကောင်းပြောနေတာ....အရင်ကအချိန်တောင် ပြန်သတိရမိသွားတယ်...သူနဲ့ဒီလိုစကားမပြောရတာ ဘယ်လောက်တောင်ကြာပြီလဲ...

"ကောင်းကင်တံမံ...ဟိုဟာမလား"

"ဟမ်...ဘာကိုလဲ...."

"ဟို အပင်က အပွင့်မဟုတ်လား... တူတယ်.."

"ဟုတ်တယ်....အဲ့ဒီပန်းပဲ"

သော့ချိတ်ဆင်တူနှစ်ခုကိစ္စ ကျွန်တော်အခုပြောလိုက်သင့်လား....

"အဲ့ပန်းအနံ့ကြိုက်တယ်..."

ကျွန်တော် အဲ့အပင်ဆီသွားပြီး ပန်းတစ်ပွင့်ခူးပြီး မွှေးကြည့်မိတယ်....

"အီဆောင့်နေတာပဲအနံ့က မင်းဘယ်များကြိုက်လဲ"

"ပန်းကိုလည်းမသိ....သိတော့လဲ သူ့အနံ့ကို မကြိုက်တဲ့မင်းကိုငါ အဲ့ဒီသော့ချိတ်ဝယ်မပေးခဲ့သင့်ဘူး"

One Day I Will Love You Back (completed)Tempat cerita menjadi hidup. Temukan sekarang