"အကို!!!....အကို!!...""ဘာလို့ အော်နေရတာလဲ....."
"အကိုက ဘာလို့မပြောမဆိုနဲ့ ဘယ်သွားနေတာလဲ....ကျွန်တော်နိုးတော့ အကို့ကို မတွေ့လို့လေ....တစ်အိမ်လုံး နှံ့နေတာတောင် မတွေ့လို့ တကယ်လန့်သွားတာ....နေပါအုံး အကိုက စောစောစီးစီး ဘယ်ကပြန်လာရတာလဲ...."
"ဟူးးးးး ဇမ္ဗူမင်းစံ ကို သွားခေါ်တာ...."
"သူကဘာဖြစ်ရပြန်တာလဲ..."
"မသိပါဘူး....သူ့ပြသနာတွေ မေးမနေချင်ဘူး...လာခေါ်ပေးဆိုလို့ သွားခေါ်ပေးရုံပဲ...."
"ကျွန်တော့် ကိုပြောသွားရောပေါ့....."
"ညီ အိပ်နေလို့လေ....."
"လန့်သွားတာ......ကျွန်တော့်ကို ထပ်ထားသွားပြီထင်လို့...."
အကိုက သူ့နှုတ်ခမ်းရဲရဲထက် အပြုံးပါးလွှလွှတို့ ချိတ်ဆွဲလျှက်.....
"အရူးလေးး.....အဲ့လို ထပ်ဖြစ်စရာလား....."
"မသိဘူး....ကျွန်တော်တကယ် လန့်သွားတာ...အဲ့တာ အကို့ကြောင့်ရတဲ့ trauma တွေပဲ...."
"ဖြစ်ရလေ......ကဲပါ....အင်္ကျီသွားဝတ် အေးနေတာကို....."
"ကျွန်တော် အိပ်ရေးပျက်သွားတယ်...အကို့ကို လိုက်ရှာရတာနဲ့...."
အကိုက ကျွန်တော့်စကားကြောင့် နာရီကို တစ်ချက်လှမ်းကြည့်သည်.....
"၉နာရီမှနိုးတာကို အိပ်ရေးမဝဘူးလား...."
မအူမလည်နှင့်ပြောလာသော အကို့ပုံစံကြောင့် နားနားသို့ တိုးကပ်လိုက်ပြီး....
"ညက ကျွန်တော်တို့ အိပ်ရေးပျက်ခဲ့ကြတယ်လေ....."
"အကောင်းမှတ်လို့.....ဖယ်...."
ကျွန်တော့်ကို တွန်းဖယ်လာတဲ့အကို့ကို တစ်ကိုယ်လုံးသိမ်းကြုံးကာ ကောက်ပွေ့ပစ်လိုက်သည်....
"ပြန်အိပ်ကြရအောင်...အကိုရာ....ကျွန်တော်တို့ပင်ပန်းထားတယ်လေ...."
"ညီ.....ဘယ်လိုဖြစ်နေတာလဲ....ပြန်ချပေး...."
"ကျွန်တော် အခုပင်ပန်းနေပြီ.....ညကျမှ..ချ....."
"ညီ့!!!!!!...."
"အဟားးးး စတာပါ.....တကယ်အိပ်ချင်နေလို့....အကိုက ဘေးမှာရှိနေမှ ကောင်းကောင်းအိပ်ပျော်မှာ သိရက်နဲ့ဗျာ....."

BINABASA MO ANG
One Day I Will Love You Back (completed)
Teen Fictionပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...