"ကောင်လေး...""......"
"ကောင်လေး...ဒါကလေ...မင်းအထင်.. လွဲ...
ပြောရင်းဆိုရင် ကျွန်တော့်နည်းတူထိတ်လန့်နေတဲ့ပုံနဲ့ ကျွန်တော့်ပုခုံးတွေဆီ လှမ်းလာတဲ့လက်တွေ...
ကျွန်တော် ရှောင်မိတယ်..."ကျွန်တော့် ကိုမထိနဲ့"
"......"
"ဦး ရှင်းပြစမ်းပါ ဒါကဘာတွေလဲ ဘာသဘောလဲဦးက ဘာလို့မိန်းမလို့ဝတ်ထားရတာလဲ..ပြီးတော့ ဘာကြောင့် ဒီပုံတွေက အခန်းပြည့်ကပ်ထားရတာလဲ"
အခန်းထဲက မေ့ပုံတွေကို လက်ညှိုးထိုးပြီး ကျွန်တော်မေးလိုက်တယ်...
"ဟုတ်ပြီ... ကိုယ်....ဦး ...ပြောပြမယ်..ကောင်.. ကောင်လေးက စိတ်အေးအေးထားပါ"
ထစ်ထစ်အအနဲ့တုန်ရီစွာထွက်လာတဲ့စကားတွေအရ စိတ်အေးအေးထားရမယ့်သူက ဦးကိုယ်တိုင်ဖြစ်နေတယ်ဆိုတာ မသိတာများ
လားး..."....."
"မမပုံတွေကပ်ထားတာကမမကို ကိုယ်အရမ်းးချစ်လို့ပါ.....မင်းမေမေက ငါအရမ်းးချစ်တာတောင် ငါ့ကိုနဲနဲမှာ ပြန်မချစ်တဲ့အပြင် ငါ့ကိုပစ်ပစ်ခါခါ လုပ်ခဲ့တာ.....ငါသူ့ကိုအရမ်းးချစ်လို့ သိမ်းပိုက်ချင်မိရုံလေးပါ...ပြီးတော့လေ...ဒီလိုဝတ်ထားတာကလည်း..သူ့စကားနားထောင်ပြီး..သူပြောသလိုနေရုံပါပဲ...ကိုယ် ဝတ်ချင်လို့မဟုတ်ပါဘူး...မင်းမေမေကပြောတယ်.... ငါက မိန်းမလိုမိန်းမရ ဆန်တယ်တဲ့...ငါ့ပုံစံနဲ့ငါ့စိတ်ဓာတ်နဲ့လိုက်တယ်တဲ့...အဟားးးငါက မင်းမေမေပြောတဲ့အတိုင်း နေကြည့်ရုံပါ"
"ဟာ...ခင်ဗျားရူးနေပြီ..ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားတွေ..လာပြောနေတာလဲ မေ့ကိုဘာလုပ်ခဲ့တယ် ပြန်ပြောစမ်းပါ ခင်ဗျား ပြန်ပြောစမ်း"
"ငါ မမကိုအရမ်းချစ်လို့ သိမ်းပိုက်ချင်မိရုံတင်ပါ..ဒါကိုမင်းမေမေက ငါ့ကိုမုန်းသွားတယ်...ငါမှားလားငါချစ်ရတဲ့လူကို...ငါပိုင်ဆိုင်ချင်မိရုံပါ"
"တော်တော့...ကျွန်တော်ဒီလောက်ဆိုသိပြီ...မေ ဒီအိမ်ကိုဘာကြောင့် စိတ်နာနေလဲဆိုတာ.... ခင်ဗျားတကယ် psycho ဖြစ်နေတာပဲ"
ESTÁS LEYENDO
One Day I Will Love You Back (completed)
Novela Juvenilပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...