"နဲနဲစပ်မယ် အရက်ပြန်ထည့်မလို့"အရက်ပြန်ပဲတွေ့တယ် မသိဘူး.... မရှိရှိတာထည့်ရမှာပဲ...ထိပ်မှာဂွမ်းပါတဲ့ နားကျပ်တံလေးကို အရက်ပြန် တစ်စက်ထည့်ပြီး သွေ့ဆို့နေတဲ့ နှုတ်ခမ်းထောင့်စွန်းကိုထိတော့ တုပ်တုပ်မျှမလှုပ်......နှုတ်ခမ်းကိုပဲ အာရုံစိုက်ကြည့်နေရတာမို့ထင် ဒီကောင့်နှုတ်ခမ်းက အရမ်းနီနေတာမျိုးမဟုတ်ပေမယ့် ပန်းရောင်ခပ်သန်းသန်း အသားဖြူလို့များလားး...ကြားဖူးတယ်မလား နှုတ်ခမ်းကပုံမှန်ထပ်ဖြူနေရင် သြဇာညောင်းတယ်တဲ့ ပုံမှန်ထပ်မဲနေရင် ယုတ်မာတဲ့စိတ်ရှိတယ်တဲ့.... ဟုတ်မဟုတ်တော့မသိပါဘူး သတိရသွားလို့ ပန်းရောင်ဆိုတော့ ဘာအဓိပ္ပါယ်တွေများ ရှိနေမှာပါ
လိမ့်....သူ့နှုတ်ခမ်းအကြောင်းအတွေးလွန်နေတာနဲ့ အရက်ပြန်တွေဘယ်လောက်တောင်တို့လိုက်မှန်းမသိ..."ရပီ"
အရက်ပြန်အဖုံး ပြန်ပိတ်ပြီး ဒီအရက်ပြန်တစ်မျိုးပဲရှိတဲ့ ဆေးသေတ္တာထဲ ပြန်ထည့်တော့ ထောင့်ကပ်နေတဲ့ ပလာစတာတစ်ခုတွေ့တာနဲ့...
"ပလာစတာ တော့ရှိတယ် ကပ်ထားမလား"
ခေါင်းငိုက်စိုက်နဲ့ ခေါင်းရမ်းပြတယ်...မကပ် တော့ဘူးပေါ့.....
"တီချယ်နု ဆီ သွားရအောင် ဆေးထည့်ပြီးရင် လာခဲ့တဲ့ ရုံးခန်းကို"
"........"
ကျွန်တော်ကသာ သူ့ကြည့်ပီးပြောနေတာ...သူက ခေါင်းငိုက်စိုက်ကနေထောင်မလာဘူး အင်းးမလုပ် အဲ မလုပ်နဲ့....ဒီကောင်ဘာဖြစ်နေတာလဲ ငြိမ်ကျသွားတာ ခေါ်လာကတည်းက စကားတစ်ခွန်းမှလည်း မပြောဘူး....ကြွေပြားအခင်ပေါ် ကျလာတဲ့ ရေတစ်စက်...သူက ကုတင်ပေါ်မှာထိုင်နေပေမယ့် ကျွန်တော်က ရပ်ပြီး သူ့ကိုမိုးကြည့်နေရတဲ့ အနေအထားမို့.....မြင်လိုက်တယ်....
ဒီကောင် ငိုနေတာလား....my god...
သူနဲ့ကျွန်တော်နဲ့က ခန္ဓာကိုယ် အရပ်မောင်းကမတိမ်းမယိမ်းဆိုတော့ အရပ်ရှည်ပြီး ထွားတဲ့ထဲပါတယ်....မဆိုင်ပေမယ့် ငိုတယ်ဆိုတာက ခပ်ပျော့ပျော့ ခပ်သေးသေး ကောင်လေးမလို့ဆိုထားပါတော့ .....အခုဟာက ...."မင်း ငိုနေတာလား"
"ငါ .....ငါ ဒီလိုအခြေနေတွေ ကြုံရတာမကြိုက်ဘူး"
![](https://img.wattpad.com/cover/339240365-288-k802679.jpg)
STAI LEGGENDO
One Day I Will Love You Back (completed)
Teen Fictionပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...