Chapter-28

206 6 0
                                    


"အားးး ရှစ်...."

မျက်ရိုးတွေထိုးကိုက်ပြီး မျက်လုံးတွေဖွင့်လို့တောင်မရတော့ဘူး....ခန္ဓာကိုယ် တစ်ခုလုံးလေးလံနေတာပဲ....မနေ့ညက မသောက်ဖူးတာတွေသောက်ပြီး ထိန်းမရသိမ်းမရတွေဖြစ်ခဲ့ကြတာ....
အကုန် မမှတ်မိပေမယ့်...တချို့သောင်းကျန်ခဲ့တာတွေတော့ မှတ်မိနေတယ်....ဖြူစင်က ဆယ်နာရီမထိုးခင်ပြန်သွားပြီး...ကျွန်တော်တို့လေးယောက် ဘယ်လောက်တောင် သောက်ခဲ့ကြပါလိမ့်.....တော်သေးတယ်...ဇန့်တိုက်ခန်းမှာမလို့...ဇန်ကတစ်ယောက်တည်းနေတာမို့ ဒီလောက်ထိ မိုးမမြင်လေမမြင်ကဲနိုင်နေတာ....

"တံမံ....ထတော့....၁၁ထိုးနေပြီ...မင်းအတွက် အမူးပြေအောင် ပျားရည်နဲ့သံပုရားသီးဖျော်ထားပေးတယ်...မျက်လုံးဖွင့်အုံး"

"ဟင်းးးးဖွင့်လို့မရဘူးကွာ.....ငါချာချာလည်နေသေးတယ်...ခေါင်းတွေမူးနောက်ပြီးတစ်ကိုယ်လုံးလည်းကိုက်ခဲနေတာပဲ"

"အဲ့တာကြောင့် ထတော့လို့  သံပုရာရည်သောက်လိုက် အမူးပြေအောင်"

မျက်လုံးကိုမနည်းပြူးပြဲဖွင့်ပြီး....ငုတ်တုတ်ထထိုင်တော့ ဇန်က ထူပေးတယ်...ကျွန်တော်တစ်ယောက်ထဲ အခြေနေဆိုးနေတာလား...ဟိုနှစ်ကောင်ရော...ဘယ်မှာရောက်နေကြပါလိမ့်...ပြန်သွားကြပြီလား....

"ရှင်း တို့ရော"

"ပြန်သွားပြီ...သူ့အမေ ဒေါသထွက်ပြီး ဖုန်းဆက်သောင်းကျန်နေတာ ညကအဲ့ကောင် ဘာလုပ်ခဲ့လဲ မှတ်မိလား"

"အားးးး....ကျစ်....ငါတို့တစ်ဖွဲ့လုံး သေသင့်တယ်..."

"အင်းးအဲ့တာကြောင့်နောက်တစ်ခါ ထပ်သောက်လို့မဖြစ်တော့ဘူး..."

အခန်းထဲမှာ ပြန့်ကြဲနေတဲ့ ဘီယာဘူးခွံတွေရော....တစ်ပိုင်းတစကျန်နေတဲ့ အပြင်းပုလင်းတွေရော...အဲ့လောက်ထိ သောင်းကျန်ခဲ့ကြတာလား....

"ဇန် မင်းကျောင်းကရော"

ဇန်က E-major ယူထားတာ...သူကတက္ကသိုလ်မှာပဲ Tutor ပြန်လုပ်မှာမို့....နောက်နှစ်မှကျောင်းပြီးမှာ....ဒါ့ကြောင့်အခုထိ လွတ်လပ်တဲ့ကျောင်းသားလေးဖြစ်နေသေးတာ.....

"ဒီနေ့တစ်ရက်မသွားတော့ဘူးးး....ဒီလောက်
ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့မင်းကို ငါကထားခဲ့
နိုင်ပါ့မလား"

One Day I Will Love You Back (completed)Where stories live. Discover now