၆လခန့် ကြာသော်......"ဒါဆို မင်းတို့က နှစ်နှစ်ကြာရင် သေချာပေါက်ကြီး လက်ထပ်ကြမှာပေါ့...."
"အင်း...မေမေက အဲ့အချိန်ထိ ငါတို့ဆက်ဆံရေးမပြောင်းလဲသေးရင်...ငါ့သဘောပဲတဲ့....ငါက အဲ့လောက်ထိ မစောင့်ချင်ပေ
မယ့်ပေါ့..."တံမံရာ....မင်းက တကယ့်ကောင့်ပဲ...."
"ဘာလို့လဲ....ကိုယ်ချစ်တဲ့သူနဲ့အတူတူနေချင်ကြတာပဲလေ...မင်းတို့ရော...."
"......."
"အာ...ငါ...sorry....ရှင်း...."
"ရပါတယ်ကွာ....ငါ အဆင်ပြေပါတယ်...."
"ငါမင်းတို့ကို ပြောပြစရာ ရှိတယ်....."
ရှင်းရော ကျွန်တော်ပါ ဇန့်ကို ပြိုင်တူ အာရုံစိုက် ကြည့်လိုက်ကြသည်....
"ငါ...ကဏ္ဍဦးညီ နဲ့ တွဲကြည့်နေတယ်...."
"ဘယ်လို!!....မင်း..တကယ်ကြီး..."
"......"
"အင်း...."
ရှင်းကတော့ ဘာမှဝင်မပြော နားထောင်ရုံသက်သက်သာ.....
"ကဏ္ဍဦးညီ ကမင်းကို ပုံမှန်ထပ်ရင်းရင်းနှီးနှီး ဖြစ်တာသိပေမယ့်....အခုနောက်ပိုင်း မင်းတို့အဲ့လောက် တွေ့ဖြစ်ကြလို့လား ဘယ်လိုကနေ.....
မင်ကရော သူ့ကို....""ငါ သေချာမသိသေးဘူး....ဒီတိုင်း တွဲကြည့်ရုံပဲ...အဆင်မပြေရင်တော့ ရပ်လိုက်မှာပါ...."
"မင်းဟာကလည်း.....ဘယ်လိုကြီးလဲကွာ....
ရည်းစားတစ်ခါမှမထားဖူးတဲ့ကောင်က
ဘယ်လိုဖြစ်လို့ pro ကျကျ player ကြီး လိုပြောနေရတာလဲ....""ငါတို့ အဆင်ပြေမယ်ထင်လား တံမံ.....
မင်းဘယ်လိုမြင်လဲ....""မင်း ကြိုက်နေရင် ပီးတာပဲပေါ့.....
ငါက ဘယ်လိုမြင်ရမှာလဲ....ကဏ္ဍဦးညီ က
ငါမြင်ရသလောက်တော့ လူကောင်းပါ....""......"
သုံးယောက်စလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်....
"ဝိုး...အဲ့ ဒီဇိုင်းလေးမိုက်တယ်......အဲ့ brand အခု နာမည်ကြီးနေတာ....ငါတောင် တစ်ထည်လောက်ဝယ်မလားလို့....."
TV မှလာနေသော ကြေငြာအား ကျွန်တော် မေးဆတ်ပြတော့ ရှင်းရော ဇန်ပါ ပြောလက်စစကားများဆီမှ TV သို့ အာရုံရောက်သွားရတော့သည်...
ESTÁS LEYENDO
One Day I Will Love You Back (completed)
Novela Juvenilပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...