"ငါ့မှာ ရွေးချယ်စရာ မရှိဘူး....ငါ ဘာမှ လုပ်နိုင်တဲ့အခြေအနေမဟုတ်ဘူး....."စကားသံတို့က အက်ကွဲခြောက်သွေ့လျှက်....
ငုံ့နေတဲ့မျက်နှာကို ဆွဲယူထိုးပစ်ချင်တဲ့စိတ်ကို မနည်းချုပ်တည်းထားရတယ်...."မင်း...ယောက်ျားမဟုတ်ဘူးလား ရှင်း....."
"......."
"မင်း အကိုဟိန်းထက်ကို အစောတည်းက သွားမရှုပ်သင့်ဘူး.....အကိုဟိန်းထက်ဘဝက မင်းလောက်လွယ်ကူရိုးရှင်းနေတာမျိုးမဟုတ်ဘူးကွ...သူ သန်မာနေလို့သာ...မပြိုလဲသွားတာ မင်းသာမရှိတော့ရင်....သူပိုခက်ခဲသွားလိမ့်မယ်...."
"အဲ့တာတော့ ဟုတ်တယ်...ရှင်း...မင်းကိစ္စတွေသာ အခုမှ ဗြုန်းခနဲ သိလိုက်ရရင် သူရှော့ရသွားနိုင်တယ်...."
"နောက်အပတ် ငါအဲ့မင်္ဂလာပွဲကို လုပ်မှာ.....ဒါပေ မယ့် ငါအကို့ကို မင်္ဂလာပွဲပီးမှ ပြောနိုင်မှာ....အကို့ကို ငါကိုယ်တိုင်ပဲတွေ့ပြီးပြောချင်တယ်....မင်းတို့ ဒီကြားထဲ အကိုနဲ့တွေ့ဖြစ်ရင်တောင် မပြောထားနဲ့အုံး....."
ဒီလိုစကားတွေကို အေးဆေးစွာ ပြောနေနိုင်တဲ့ ရှင်း ကို ကျွန်တော်အံ့သြလိုက်တာ....တကယ်ကိုသူ့အတွက်သူ ပဲကြည့်တတ်တာ....မင်္ဂလာပွဲပြီးမှပြောမယ်တဲ့လား....လွယ်လွန်းတယ်....လူတစ်ယောက်ရဲ့ဘဝထဲကို ဝင်ချင်တိုင်ဝင် ထွက်ချင်တိုင်းထွက်လို့ ရကြေးလား....
"မင်းကိုက ဒီလက်ထပ်ပွဲကြီးကို စိတ်ပါနေသလိုပဲ....."
ကျွန်တော် ခနဲ့ သလိုပြောတော့ ထိုင်နေရာကနေ ကျွန်တော့်ဆီ မော့ကြည့်လာတယ်....
"ဒါက ဖြစ်သင့်တာပဲလေ....ငါတို့က ယောက်ျားနှစ်ယောက်ဖြစ်တဲ့အတွက် လက်ထပ်ဖို့အထိမှမလိုအပ်ပဲ...."
"ရှင်းသန့်ကိုကို....!!!မင်း ခွေးစကားပြောနေတာပဲ..."
"တံမံ....!!!!
ရှင်းရဲ့ ကော်လံစကို လှမ်းဆွဲလိုက်တဲ့ ကျွန်တော့်လက်တွေကို ဇန်က လှမ်းဖမ်းဆွဲကာ....
"ရှင်း...မင်းကွာ......တောက်!!!!...
ဇန်က ရှင်းကို စိတ်ပျက်သွားတဲ့ အနေအထားနဲ့ကျယ်လောင်စွာ အော်လိုက်တယ်.....

ESTÁS LEYENDO
One Day I Will Love You Back (completed)
Novela Juvenilပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...