မနက်တည်းက တက်တက်ကြွကြွနဲ့ အားကျိုးမာန်တက်ပြင်ဆင်လာသမျှက ဟိုတယ်ထဲဝင်ဝင်ချင်းမှာပဲ.... တည်တင်းနေတဲ့မျက်နှာတစ်ခုကြောင့် ကျကွဲသွားတဲ့ဖန်ခွက်တစ်ခုလို အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရတော့တယ်....တကယ်ကြီး ကျွန်တော့်ကို မမြင်ချင်နေတာများလား....တခြားဝန်ထမ်းတွေလည်းရှိနေတာမို့သွားမနှုတ်ဆက်ချင်တော့ဘူး...စကားအကောင်းပြောမှာလည်းမဟုတ်ဘူးလေ.... Billအခန်းဆီသာ တက်လာခဲ့လိုက်တော့တယ်....."Bill...I've come in.."
(ဘေးလ် ငါဝင်လာပြီနော်...)တံခါးနှစ်ချက်ခေါက်ပြီး လော့မချထားတာကြောင့် ....ဝင်သွားလိုက်တယ်....
"Hey...It's too early"
(ဟေးးးစောလှချည်လားး)အခန်းထဲဝင်လာတဲ့ကျွန်တော့်ကို အင်္ကျီလက်ကြယ်သီးတပ်ရင်း.... လက်ကနာရီကို တစ်ချက်ကြည့်ကာ လှမ်းမေးတယ်....စောလို့လားး မနက်် ၈နာရီတောင်ခွဲနေပြီကို....
"It's not early, it's already late..."
(မစောပါဘူးကွာ...နောက်တောင်ကျနေပြီကို...)"When you were there, you got up at 9 o'clock "
(မင်းဟိုမှာနေတုန်းကကျ ၉နာရီထိုးမှထခဲ့တာလေ...)"......"
ဒီကောင် Billဘာဖြစ်နေတာလဲ....ကိုယ်လာချင်တဲ့အချိန်လာမှာပေါ့.....သူ့ကိုတစ်ယောက်တည်း ဖြစ်နေမှာဆိုးလို့ စောလည်းလာပေးရသေးတယ်....ဝမ်းတောင်သာရအုံးမာကို...
"Kanna...are you gay? "
(ကဏ္ဍ...မင်းက လိင်တူစိတ်ဝင်စားတဲ့လူလား...)Billက သူ့ရဲ့နောက်ဆုံးကြယ်သီးကိုတပ်
လိုက်ပြီး...ကျွန်တော့်ကိုစူးစမ်းသလို ကြည့်လာတယ်...."......"
ကျွန်တော်အနည်းငယ်တော့ တုန်လှုပ်သွားရတယ်....မဟုတ်ဘူး....ကျွန်တော်အခြောက်မဟုတ်ဘူး....ယောကျ်ားလေးတွေကို ကြိုက်တာမဟုတ်ဘူး...မိန်းခလေးလှလှတွေကို ကျွန်တော်စိတ်ဝင်စားတယ်....တခြား
ယောကျ်ားတွေလို သူတို့ရဲ့ကောက်ကြောင်းလှလှတွေကို ကျွန်တော် တစ်ခါတစ်ရံ ကြည့်မိပါတယ်....ဒါပေမယ့် တစ်ခုပဲ ကျွန်တော် ကောင်းကင်တံမံဆိုတဲ့တစ်ယောက်ကိုတော့ ယောကျ်ားမိန်းမဆိုတာထပ်....အဲ့ဒီပညက်ချက်တွေမပါပဲ သူ့အနားမှာတော့နေချင်မိတယ်....သူ့ဆီက ကျွန်တော်ကိုအမြင်ကြည်နေတာမျိုးကိုတော့ လိုချင်မိတယ်....သူ ကျွန်တော့်ကိုပဲ ဆက်တိုက်သဘောကျနေစေချင်တယ်.....ဒါက ကျွန်တော် ခြောက်နေတာ မဟုတ်ဘူး.....သူ့ကိုပါပဲ....သူ့တစ်ယောက်တည်းအတွက်ပါပဲ.....
![](https://img.wattpad.com/cover/339240365-288-k802679.jpg)
YOU ARE READING
One Day I Will Love You Back (completed)
Teen Fictionပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...