"တံမံ""ဘာလဲ"
"ဒီနေ့ အဆောင်ကကျွေးတဲ့မနက်စာမစားနဲ့တော့"
"အဲ့တာမစားတော့ ငါက ဘာသွားစားရမှာလဲဟင်"
"ငါ ကြီးမေကြီးကို ဆန်စီးမှာလိုက်တယ် မင်းကြိုက်တယ်မလား"
"အဲ့တာကြောင့်ချစ်နေရတာ ဇန်ရာ"
"တော်စမ်းပါ မင်းရဲ့ကဏ္ဍဦးတည် ကိုသွားပြောလေ"
"ဘာဆိုင်လို့လဲ သူနဲ့"
"မသိဘူးလေ မင်းတို့က ခုနောက်ပိုင်း ရင်းနှီးလာသလားလို့"
"မင်းကလဲကွာ တစ်ခန်းထဲနေရတာကို အဆင်ပြေတော့ ပိုကောင်းတာပေါ့"
အခုဆို ကျောင်းတက်ရတာ ၂လတောင်ပြည့်ပြီလေ အာ့မျက်နှာသေကောင်နဲ့လည်း အရင်ကထပ်ပိုအဆင်ပြေလာတယ်....ညဘက် စာသင်ဆောင်ကပြန်လာပေမယ့် ကျွန်တော်က မအိပ်ခင် ခနစာကြည့်ဖြစ်တယ်လေ။ ကျွန်တော်မရတဲ့သင်္ချာ ပုဒ်စာတောင်တွက်ပြသေးတယ် ပေါင်းကြည့်တော့အာ့လောက်လည်းမဆိုးဘူးလို့ထင်တာပါဘဲ....
"ဟေ့ရောင်တွေ မနက်စာ သွားစားမယ် လာလေ"
ပေါ်လာပါပြီ ရှင်း ဆိုတဲ့အကောင် သူ့ရဲ့အကို ဆိုတဲ့လူနဲ့ သံလ်ိုက်အဖိုနဲ့အမလိုကပ်နေတဲ့ကောင် ဒီနေ့တော့ ကျွန်တော်တို့ကို လာခေါ်ဖော်ရသားပဲ...
"မသွားနဲ့တော့ ဒီမှာပဲ စားရအောင်"
"ပေါက်ကရလုပ်မနေနဲ့ မင်းအန်တီလေးကိုမကြောက်ဘူးလား သွားမယ်လာ"
အန်တီလေးက ကျွန်တော်တို့၃ယောက်ကိုလည်း တခြားကျောင်းသာတွေနဲ့ တန်းတူဆက်ဆံတာလေ...ဒါကို ကျွန်တော်က သီးသန်ခွဲစားမယ်ပြောလ်ိုက်တော့ အန်တီလေးဆူမှာ ကြောက်ပြီးထပ်ခေါ်နေသေးတာ....
"ငါမင်းတို့အတွက် အပြင်က ဆန်စီးမှာလိုက်လို့ ကြီးမေကြီးကို... ပြီးတော့ အန်တီးလေးက်ို ခွင့်တောင်းထားတယ် ဒီနေ့တစ်ရက်ပဲလို့"
"ဝိုးးးတစ်ကယ်လား...ငါ့အတွက်ရောလား"
"အင်း အာ့တာကြောင့် ဒီမှာပဲ စားရအောင် ထမင်းစားဆောင်ဘက်က တခြားသူတွေနဲ့အဆင်မပြေဘူးလေ ငါတို့ပဲ တခြားဟာစားနေတော့"
BINABASA MO ANG
One Day I Will Love You Back (completed)
Teen Fictionပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...