"ကောင်လေး မင်းကို မနက်ဖြန် ကျောင်းလိုက်အပ်ပေးမယ်..ဒီနေ့ မင်းအတွက် ကျောင်းတက်ဖို့လိုတာတွေ ဝင်ဝယ်ခဲ့တယ် ခနနေ မင်းအခန်းဆီ လာပို့ခိုင်းလိုက်မယ်""ဟုတ်ကဲ့"
ကျွန်တော် ဒီအိမ်ရောက်တာ သုံးလနီးပါးရှိတော့မယ်။ကျွန်တော်ထင်သလိုကျပ်ကျပ်တည်းတည်းမျက်နှာငယ်ငယ် မနေခဲ့ရပါဘူး။တခါတလေ မေတို့ကိုတောင် မေ့လောက်တဲ့အထိ ကျွန်တော်အဆင်ပြေနေခဲ့တာ။ဖွားဖွားကလည်း ကျွန်တော်နဲ့ ပူးပူးကပ်ကပ်မနေပေမယ့် မုန့်တွေလည်းအမျိုးစုံကျွေးတယ်။အရုပ်တွေလည်းဝယ်ပေးသေးတာ။ပြီးတော့ ဒီအိမ်ကဖွားဖွားတို့ခေါ်ထားတဲ့ အလုပ်သမား မမတွေ အန်တီတွေကလည်း ကျွန်တော့်ကိုချစ်ကြတယ်။တကယ်တော့ အဆင်ပြေတာထပ်ကို ပိုနေခဲ့တာပါ။မေ တို့ကိုတခါတလေ သတိရပေမယ့်လို့ပေါ့။
တစ်ခုတော့ရှိတယ်...ရဲဝင့်ကဏ္ဍ ဆိုတဲဲဖွားဖွားရဲ့မွေးစားသား ကျွန်တော်ရဲ့ဦးလေးဆိုတဲ့လူကတော့ကျွန်တော့်ကို မကြိုက်တာလည်းမဟုတ်ပေမယ့်ကြိုက်တဲ့အရိပ်ယောင်လည်းမရှိဘူး။ကျွန်တော်ရောက်လာတည်းက သူကျွန်တော့်ကို စကားပြောတဲ့အခွန်း အရေအတွက်က လက်ချိုးရေလို့ရတယ်။အခုလည်း ကျွန်တော့်အခန်းထဲထိတောင်မဝင်ဘဲ အခန်းပေါက်ဝကနေ ပြောပြီးထွက်သွားပြီ..."ဦးတည်လေးရေ မမဆွေဝင်လာခဲ့မယ်နော်"
မမဆွေက ခနကြာတော့တန်းရောက်လာတယ်။
"ဟုတ်ကဲ့ မမဆွေ"
"ဦးတည်လေးအတွက် အကိုရဲဝင့်က ကျောင်းသုံးပစ္စည်းတွေဝယ်လာတာ.. ကြည့်ကြည့်ပါအုံး ကြိုက်ရဲ့လား"
ပစ္စည်းအများကြီးထဲကမှကျွန်တော့်မျက်လုံးထိ ထင်းနေတာကတော့ ကျောပိုးအိတ်ပြာပြာလေးပါပဲ...တခြားခလေးတွေလွယ်တာမြင်ပြီး ကျွန်တော် လိုချင်ခဲ့တာ မနှစ်ကမေ့ကိုပူဆာပေမယ့် မေကနောက်နှစ်သုံးတန်းတက်ရင်ဝယ်ပေးမယ်ဆိုပြီးကျောပိုးအိတ်အစား ညီလေးနဲ့ဆင်တူ လွယ်အိတ်အနီရောင်လေးနှစ်လုံးသာဝယ်ပေးခဲ့တာ။ ကျောပိုးအိတ်တင်မကပါဘူး ကျွန်တော်လိုချင်တဲ့ ကွန်ပါဘူးအကြီးကြီရော စုံလို့ပါပဲ...အဲ့ဒီဦးလေးကတစ်မျိုးပဲ တခါတလေကျွန်တော့်အတွက် မုန့်တွေဝယ်လာတတ်တယ်သူကိုယ်တိုင်လာမကျွေးပေမယ့် ကျွန်တော်သတိထားမိတယ်..အခုလည်း ကျောင်းပစ္စည်းတွေက သာမန်ထပ် ပိုကောင်းတာတွေပဲ ဝယ်လာပေးခဲ့တာ...
![](https://img.wattpad.com/cover/339240365-288-k802679.jpg)
ESTÁS LEYENDO
One Day I Will Love You Back (completed)
Novela Juvenilပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...