"ကျွန်တော့်ကိုလွှတ်ပေး ဟင်းး လွှတ်ပေးပါ""ဟင်းးးအဖွာရေး ဟင်းးဟင်းး"
ဘာသံတွေလဲ ညကြီးသန်ခေါင် အိပ်ချင်ရတဲ့အထဲကွာ တစ်ဟင်းဟင်းးနဲ့ ဟိုမျက်နှာသေ ကဏ္ဍဦးတည် ဘာတွေလာညည်းနေတာလဲ...
"အဖွား ကျွန်တော့်ကို ကယ်ပါအုံးး ဟင်းးဟင်း"
အကျယ်ကြီးကွာ အိမ်မက် မက်နေတာလား ညသံမလို့ တခြားအခန်းတွေတော့မသိဘူး ကျွန်တော်တော့ ဆက်အိပ်မရတော့တဲ့အဆုံး ကုတင်ပေါ်ကဆင်းပြီး.....
"ဟေ့ရောင် ထစမ်း ဘာတွေအော်နေတာလဲ ညကြီးကို"
မထဘူး နိုးတောင်မလာဘူး ကျွန်တော်အနီးကပ်တစ်ချက်ငုံ့ကြည့်တော့ ချွေစေးတွေတောင်ပြန်လို့ ....အိမ်မက်ဆိုးမက်နေတာထင်တယ် သူ့ပုခုံးကိုခပ်ဖွဖွ ပုတ်နှိုးတော့ ကျွန်တော့်လက်ကို သူ့လက်နဲ့ လာထပ်ကိုင်တယ်...ကျွန်တော့် လက်ပြန်ရုတ်မည်အပြု....
"ကျွန်တော့်ကို ကယ်ပေးပါ"
တကယ်ကြီး အိမ်မက်ဆိုးမက်နေတာပဲ ကျွန်တော့်လက်ကို မဖယ်ဖြစ်တော့ဘူး အန်တီလေးတို့စကားကိုပြန်ကြားယောင်လာတယ် သူ့မှာကျွန်တော်တို့မသိနေတဲ့ စိတ်ဒဏ်ရာတွေ ခံစားနေရတာတဲ့လေ
ဘာမှန်းမသိပေမယ့် အခုသူ့ပုံစံကြောင့် စိတ်ထဲတော့ နည်းနည်းမကောင်းဘူးးဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကသူ့အခန်းဖော်ပဲလေ တတ်နိုင်သလောက်တော့ ကြည့်ပေးလိုက်ပါမယ်...
အဆင်ပြေသွားပြီထင်တယ် ငြိမ်သွားပြီ ချွေးတွေတော့ပြန်သေးတယ် ကျွန်တော့်လက်ကိုတော့ တင်းတင်းကျပ်ကျပ်အုပ်ကိုင်ထားတုန်း...."ဘာမှမဖြစ်တော့ပါဘူး ငါရှိနေတယ်"
"........"
##########
"ဝါးးးး "
ဒါနဲ့ဆို ကျွန်တော်သန်းနေတာ အခေါက် ၃၀လောက်ရှိလောက်ပြီ မတတ်နိုင်ဘူး သေလောက်အောင်အိပ်ချင်နေတာ..ဘယ်သူပေးတဲ့ဒုက္ခတွေ့မလို့လဲ.....ဟူးးး ကောင်းကျိုးမပေးပါဘူးဆို..
"မင်း ညက မအိပ်ဘဲ စာတွေကြိတ်လုပ်နေတာလားအဲ့လောက်မကြိုးစားနဲ့ပါကွာ မနေ့ကမှ စာစသင်တာကို ဟားဟား"
KAMU SEDANG MEMBACA
One Day I Will Love You Back (completed)
Fiksi Remajaပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...