Chapter- 6

284 10 0
                                    

ဒီနေ့ အတန်းချိန်အတိကျနဲ့ စာစသင်ရမည်။
စည်းကမ်းချက်ထဲကအတိုင်း မနက်၄နာရီခွဲ ထရ၏။ နောက်ကျ အကျင့်ဖြစ်အောင် ခုတည်းက ထကြရမယ်တဲ့လေ.... အိမ်မှာဆို မေမေလာနှိုးတာတောင် ကျောင်းသွားခါနီးမှ ကပြာကယာထပြီး ပြင်ဆင်ရတာဖြစ်၏....ဒီကြားထဲ ဟိုမမြင်ချင်တဲ့မျက်နှာကို မျက်လုံးဖွင့်တာနဲ့ ဆုံရမှာကလည်း ဝဋ်ကြွေးတစ်ခု....မြန်မြန်စာမေးပွဲပြီးသွားရင်ကောင်းမယ်... တော်ပါသေးတယ် ဒီလိုမပျော်ရွှင်စရာ အခြေနေတွေကြားထဲကနေ ရန်ကုန်သူအချောလေးကို‌ တွေ့ထားရလို့...သူလေးက ပူပြင်းလွန်းတဲ့သဲကန္တရထဲကအိုအေစစ်လေးဖြစ်၏ ...ကျွန်တော်တို့သုံးယောက်က အဆောင်ကိုအစောဆုံးရောက်နေတာကြောင့် ကျောင်းလာအပ်တဲ့လူတွေကိုတော်တော်များများ သိလိုက်ရ၏....ဒါ့ကြောင့် အဲ့ဒီထဲက ရန်ကုန်သူအလှလေးကိုတော့ ကျွန်တော့်ဟာအဖြစ် တံဆိပ်ကပ်ထားလိုက်၏...ဆယ်တန်းကိုစာမလုပ်ဘဲ ရည်းစားထားဖို့ပဲ တွေးနေတာတော့မဟုတ်ပါဘူးလေ.... အောင်ရင်ရပီလေ ကျွန်တော်က အဲ့လိုပဲ လောဘ
နည်းသည်လို့ဆိုရမည်... ပျင်းတာလည်းတစ်ကြောင်းပါ၏....
ရန်ကုန်သူလေးဆိုမှ သူ့ကိုရည်းစားစာပေးမလို့ ရေးထားတာတောင် အသိမ်းလွန်ပြီး ဘယ်ရောက်နေသည်မသိ ပြန်ရှာရအုံးမည်... စောစောပေးရမယ် ဒါမှသူများနောက်မပါသွားမှာ...
ဟိုမျက်နှာသေကောင်ကတော့ စော‌စောတည်းက  ထွက်သွားလေရဲ့ ကျွန်တော်လည်းအမြန်မသွားရမယ်.... တွေ့ချင်တဲ့သူက ရှိနေသည်လေ...

"ဟေ့ရောင် တံမံ  ဘာတွေလုပ်နေလို့အခုမှလာတာလဲ...ငါတို့မင်းကို စောင့်နေတာ"

အခန်းအဝမှာပဲ ရှိသေးတဲ့ကျွန်တော့်ကို ရှင်းက အာကျယ်နဲ့ လှမ်းအော်ပြောတော့အတန်းထဲကလူတချို့ကပါ လှည့်ကြည့်လာကြသည်....တွေ့ပါပြီ....ရန်ကုန်သူအလှလေး ကျွန်တော့်ဆီတစ်ချက်ကြည့်ပြီး ပြန်လှည့်သွား၏...တကယ်လှသည် အသားဖွေးဖွေး မျက်နှာသွယ်သွယ် ဆံပင်ရှည်ရှည်နဲ့ သူလေးက်ိုတော့မြင်မြင်ချင်း ကြွေဆင်းသွားတာ.... မဆီမဆိုင် ဟိုအမွှာတွေထိုင်တဲ့အတန်းကို မျက်လုံးရောက်သွားတော့  ကျွန်တော့်ထက် အရင်အခန်းထဲကထွက်သွားတာက်ို အခန်ထဲ ရှိမနေကြ....

One Day I Will Love You Back (completed)Où les histoires vivent. Découvrez maintenant