Chapter- 21

193 6 0
                                    


"သား သတိရလာပြီလား"

"အကို...

ညီ့အသံ...ကြားနေရပေမယ့် မျက်လုံးတွေက ဖွင့်လို့မရဘူးဖြစ်နေတယ်....တဖြည်းဖြည်းချင်းအားယူပြီးဖွင့်တော့မှ...
ရှင်းရှင်းလင်းလင်းရှိမနေတဲ့ မြင်ကွင်းထဲမှာ ကျွန်တော့်ကိုငုံ့ကြည့်နေတဲ့ ဝါးတားတား လူအရိပ်ယောင်တွေ....

"အကို သတိရလာပြီလား"

"သားရယ် တီချယ်ဖြင့် လန့်သွားတာပဲ....သားမေမေဆီဖုန်းဆက်ထားတယ် ခနနေရောက်တော့မှာ....နော်"

အာ...ကျွန်တော် ထပ်​ပြီး မေ့လဲသွားတာဖြစ်မယ်...ကောင်းကင်တံမံရော....ကျွန်တော် သူနဲ့အတူရှိနေတဲ့အချိန်ဆိုတော့...သူလန့်သွားမှာ....ပြီးတော့..ဒါကျွန်တော်တို့အခန်းထဲမှာ မဟုတ်ဘူး....

"ကျွန်တော့်ကို ဘယ်သူခေါ်လာတာလဲ ..."

"ကောင်းကင်တံမံ ခေါ်လာတာအကို့ကို"

ရှိသမျှအားအင်အကုန်ထုတ်ပြီး အခန်းထဲကို မသိမသာ ခေါင်းစောင်းကြည့်မိတယ်...
ကောင်းကင်တံမံ...ရှိမနေပါဘူး...

"သား...ကဏ္ဍဦးတည်... ဆရာဝန်က သားကိုပြောသွားတယ်...စိတ်ဖိစီးမှုများသွားလို့တဲ့...ပြီးတော့အိပ်ရေးပျက်တာတွေများနေတာကြောင့်တဲ့....ဘယ်လိုပဲဖြစ်ဖြစ်..သားအခြေနေက စာမေးပွဲအတွက်စိုးရိမ်စရာမရှိတာမလို့...စာကို အရမ်းအချိန်ကုန်ထိ တီချယ်တော့ မလုပ်စေချင်ဘူး.....
ကျန်းမာရေးက အရေးကြီးဆုံးပဲလေ"

"သားတည် သား....ဘယ်လိုဖြစ်ရတာလဲ"

အခန်းထဲသို့ ပြာယာခတ်စွာ မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ ဝင်လာသော မေ...နောက်မှာ ဖေကြီးကလည်း စိတ်ပူနေဟန်နဲ့ ကျွန်တော့်ဆီကြည့်လာတယ်...

"သားး.. သားအကိုက ဘယ်လိုဖြစ်...
နုရေ...သားကဘာဖြစ်တာတဲ့လဲ"

ဖေကြီးက ကျွန်တော့်ဘေးဝင်ထိုင်ကာ ကျွန်တော့်လက်ကို ဆုပ်ကိုင်လာတယ်...ဘာ့ကြောင့်ဆိုတာသိနေလောက်ပါပြီ...
ဒါမျိုးမေ့လဲတတ်တာ... ဘယ်နှခါလောက်ရှိပြီမလို့လဲ....

"စိတ်အေးအေးထားပါ မေ...နုတို့အမြဲသွားနေကျ ဆေးခန်းကဆရာဝန်ကိုတော့ပြထားပြီးပါပြီ.... မေ့သားကစိတ်ဖိစီးသွားလို့တဲ့ အိပ်ရေးပျက်တာကြောင့်လည်းပါတယ်တဲ့ အရမ်းစိုးရိမ်စရာတော့မဟုတ်ပါဘူးတဲ့"

One Day I Will Love You Back (completed)Onde histórias criam vida. Descubra agora