Chapter-48

208 12 1
                                    


"ဖြူစင်...."

"အင်းး....ပြောလေ..."

"ငါ ဆေးရုံကဆင်းပြီးရင် date လုပ်ကြမလား..."

"အင်း....နင်အဆင်ပြေရင်ပေါ့...."

"ဘာလဲဟာ....ဝဋ်ကြေတန်းကြေကြီး ပြောပုံက..."

"မဟုတ်ပါဘူးဟာ....ငါက နင့်ဒဏ်ရာ အဆင်မပြေမှာဆိုးလို့ပါ..."

"ငါ သက်သာနေပါပြီ.....ဆေးရုံမှာဒီလောက်ကြာတာတောင်မသက်သာရင်လည်း
ပြောစရာက်ိုမရှိတော့ဘူး ဆေးရုံကို ငါ့အိမ်လို့တောင် ခံစားနေရပြီ..."

"ကောင်း.....နင်ငါ့ကို ဖွင့်ပြောခဲ့တာကိုရော မှတ်မိရဲ့လား...."

"ဟင်....အဲ့တာက....ငါသိပ်တော့ မမှတ်မိပေ
မယ့်....ငါနင့်ကို ဖွင့်ပြောတဲ့နေ့က နမ်းခဲ့တယ်လေ...."

"......."

"ဖြူစင်....လက်စွပ်ဘာလို့မဝတ်ထားတာလဲ...."

ကျွန်တော့်ရဲ့ လက်စွပ်ဝတ်ထားသောလက်အား ထောင်ပြကာမေးတော့....

"ဟင်....အာ....အဲ့တာက....ဘာလို့လဲ..."

"ငါ နင့်ကို လက်ထပ်ခွင့်တောင်ထားတယ်လေ...လက်စွပ်ကို ငါကိုယ်တိုင်တောင် ဝတ်ပေးခဲ့တာကို....ဘာလို့ချွတ်ထားရတာလဲ...."

"အဲ့ဒါက...ဟို....ကောင်း.....နင် ထမင်းစားချိန်ရောက်နေပြီ....ငါ ဆန်ပြုတ် ထည့်ခဲ့တော့မယ်...နော်..."

"အင်း...ငါလည်းဗိုက်ဆာနေပြီ...."

ဖြူစင်က အသင့်ယူလာသော ချိုင့်အားဖွင့်ကာ ဆန်ပြုတ်များက်ို ပန်းကန်ထဲ ထည့်၍ ကျွန်တော့်ဆီယူလာပေးသည်.....
ကျွန်တော် နဲ့ ဖြူစင် က ချစ်သူတွေဖြစ်နေကြ
ပေမယ့် ကျွန်တော့်စိတ်ထဲ တစ်မျိုးပဲ....
သူနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးကြီးက နည်းနည်း အူကြောင်ကြောင်နိုင်နေသလိုပဲ.....
အဆိုးဆုံးက ပုံမှန်ဆို ချစ်သူရည်းစားတိုင်းက အတူရှိနေကြချိန်မှာ အနည်းနဲ့အများတော့ စိတ်လှုပ်ရှားတာမျိုး ရင်ခုန်တာမျိုး ဖြစ်ရမယ်လေ....
ကျွန်တော် ဖြူစင့်ကို အဲ့လို မခံစားနေရဘူး....
ဒါကြီးက တော်တော်လေးထူးဆန်းနေတာ....

ဒါပေမယ့် ညတိုင်း ဝေဝေဝါးဝါးနဲ့ ပေါ်လာ
သည့် မြင်ကွင်းထဲမှာ ကျွန်တော်က တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းတစ်စုံကို မက်မက်မောမောနမ်းရှိုက်နေတာ....အိမ်မက်မဟုတ်ဘူး....ကျွန်တော် တစ်ခါထပ်ပိုစွာထပ်ခါထပ်ခါ တပ်တပ်မက်မက်နမ်းခဲ့ဖူးတဲ့နှုတ်ခမ်း.....အဲ့နှုတ်ခမ်းပိုင်ရှင်ဟာ ဖြူစင်ကလွဲပြီး ဘယ်သူများထပ်ဖြစ်နိုင်သေးလို့လဲ......

One Day I Will Love You Back (completed)Tahanan ng mga kuwento. Tumuklas ngayon