Ending

398 12 1
                                    


Forksမြို့ငယ်လေးရဲ့ အေးစိမ့်စိမ့် ဖြစ်နေသော ရာသီဥတုကြောင့်ထင်သည်
လက်မောင်းပေါ် ခေါင်းအုံးအိပ်နေရင်းမှ ရင်ခွင်ထဲသို့ ဇွတ်တိုးဝင်လာသောသူ.....
နီးကပ်လာသောအနေအထားကြောင့် သူ့ဆံသားများဆီမှ ချိုချဥ်နံ့သင်းသင်းကိုရလိုက်သည်....ငုံ့နမ်းလိုက်ချင်ပေမယ့် အအိပ်ဆတ်သူက ထိလိုက်တာနဲ့ နိုးသွားတော့မှာလေ...ဒါကိုတွေးမိပြီးနမ်းချင်နေတဲ့စိတ်ကိုပြန်ထိန်းလိုက်ရတယ်.....

လှေကားပေါ်ကနေ ဆံပင်ဘုတ်သိုက်နဲ့ကျွန်တော့်ကို  စူးရှရှ ကြည့်သွားတဲ့ ကောင်လေးက အခုကျွန်တော့်အနားမှာရှိနေခဲ့ပြီ....ကျွန်တော်တို့ရဲ့ ပထမဆုံး တွေ့ဆုံခဲ့ခြင်းက မနေ့တစ်နေ့ကအတိုင်းပါပဲလား.....သူနဲ့အတူ အဆောင်မှာ နေခဲ့ရတဲ့အချိန်တွေကလည်း ရှင်းရှင်းလင်းလင်းကို ကျွန်တော့်ခေါင်းထဲမှာ နေရာယူနေတုန်း.......

အတိတ်တွေဆီ တွေးနေရင်းနဲ့ ကောင်းကင်တံမံက လက်ရှိကျွန်တော့်ရင်ခွင်ထဲမှာရှိနေတာတောင် ဆယ်ကျော်သက်အရွယ်က ကောင်းကင်တံမံကို မျက်ရည်ဝဲတက်လာတဲ့အထိ လွမ်းမိသွားရတယ်....

ကျွန်တော် သိလိုက်ရတာ တစ်ခုက အချစ်ကလူတွေကို ပူလောင်စေတတ်သလို....ဆန့်ကျင်ဘက်အနေအထားဖြစ်တဲ့ အေးချမ်းခြင်းတွေကိုလည်း
ဆောင်ကျဥ်းပေးတတ်ပါတယ်.....ပြီးတော့ အချစ်က လူတွေကို ပြောင်းလဲသွားစေတယ်....တစ်ခါတစ်လေ ဒဏ်ရာတွေ ရတတ်သလို ဒဏ်ရာတွေကိုလည်းကုစားပေးနိုင်ပါတယ်......
ပြီးတော့..... အခု ကျွန်တော့်လို အချစ်အကြောင်းအနုအယွလေးတွေကိုလည်း ဖွဲ့ဆိုတတ်လာလိမ့်မယ်...

"honey....."

"အင်း....ကိုယ့်ကြောင့်နိုးသွားတာလား...."

"အင်းး...honey ကလှုပ်နေတာကိုး...."

"အိပ်ရေးမဝသေးရင်မထသေးနဲ့ ပြန်အိပ်နေအုံး..."

"နိုးပြီးမှ မအိပ်တတ်တော့ဘူးလေကွာ...ထတော့မယ်..."

"အင်းး...မင်းသဘော..."

ဒီမှာရှိနေတဲ့ နှစ်ပတ်လုံး လျှောက်ပတ်သွားထားကြသည်မို့ ဒီနေ့တော့ hotel ထဲမှာပဲနေဖို့ မနေ့တည်းက သူရောကျွန်တော်ရော သဘောတူထားသည်....ပြီးတော့ မနက်ဖြန်ဆိုပြန်ရတော့မယ်လေ.....သူနဲ့ ကျွန်တော့်ရဲ့ honeymoon ခရီးက တကယ်ကိုချိုမြခဲ့ပါတယ်....ချစ်တဲ့သူနဲ့ 24 နာရီလုံးအတူတူရှိနေနိုင်ရခြင်းက တကယ်ကို ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ.....

One Day I Will Love You Back (completed)Tempat cerita menjadi hidup. Temukan sekarang