Chapter-31

239 9 3
                                    


"ကိုကောင်း....ဒီနေ့ ပုံစံက သိပ်မလန်းဘူးနော်...မဟုတ်မှ ရည်းစားတွေဘာတွေများရသွားပြီလား.....မနက်တည်းကရည်းစားနဲ့စိတ်ကောက်ပြီး အပူမိနေရတဲ့မျက်နှာမျိုးဖြစ်နေတာ"

Hotel မှ receptionထိုင်တဲ့ လဲ့လဲ့ က အတည်းမေးသလိုလို စသလိုနောက်သလိုပုံနဲ့လာမေးတယ်.....မေးချင်စရာပဲလေ မနေ့ကဟိုတစ်ယောက်နဲ့တွေ့ပြီးတည်းကကိုယ်ကလည်း ဒီပုံစံဖြစ်နေတော့တာပဲ.....

"မဟုတ်ရပါဘူးဗျာ....အပူမိစရာမပြောနဲ့မူးလို့တောင်ရှူစရာမရှိပါဘူးဗျာ.....ကျွန်တော်မနေ့တည်းက နေသိပ်မကောင်းချင်ဖြစ်နေတာကြောင့်ပါ"

"မသိဘူးလေ...ကိုကောင်းက ခါတိုင်းဆို ...မင်းသာရှုံးအောင် ပြင်ဆင်လာတတ်ပြီး အမြဲ active ဖြစ်နေကျကို ဒီနေ့မှ မှိုင်နေသလားလို့"

"အဟားးးမင်းသားရှုံးအောင် မပြင်ပါဘူးဗျာ..."

ဒွီ....ဒွီ....ဒွီ....

ဖုန်းကို ကောက်ကြည့်လိုက်တော့ ရှင်း ဆီက....ဒီကောင်သူ့မားသားနဲ့ ဘယ်လိုနှစ်ပါးသွားနေရလဲမသိဘူး....အခြေနေတော့သိပ်မကောင်းပုံပဲ....အခုလည်း ဘာဖြစ်ပြန်ပြီလဲမသိဘူး....

"အေး....ပြော"

"ညနေ မင်းhotelကပြန်လာရင် ဇန့်အိမ်လာခဲ့ကွာ....ငါပြောစရာရှိလို့"

"အိုကေ...ခနနေ ငါလည်းအိမ်ပြန်တော့မှာ ညနေတွေ့ကြတာပေါ့"

ဒီကောင့်အသံက ခပ်လေးလေးမို့ မျက်ခုံးတောင်လှုပ်ချင်လာသလိုပဲ....ကိုယ့်အပူထပ် သူ့အပူကပိုကြီးမယ့်ပုံ...

#####

"မေမေ ကျွန်တော် အပြင်ခန သွားအုံးမယ်....
ညနက်လို့မနေရဲရင်...ဟိုဘက်အိမ်က မိကြူမ ကိုခေါ်နေနော်"

မိကြူမက အမေ့နှစ်ဝမ်းကွဲတူမမို့ ကျွန်တော် ခရီးသွားရတိုင်း အဖေကလည်းအိမ်ကပ်ရတယ်လို့မရှိတော့ ညဆိုအမေနဲ့လာအိပ်ရတာများတယ်....ကြူကြူမေ ဆိုတဲ့နာမည်ကို korea boy group တော်တော်များများကို ပတ်ကြူးနေတာကြောင့် ကျွန်တော်ကတော့ မိကြူမ လို့သာ ခေါ်ပစ်လိုက်တော့တယ်...နာမည်နဲ့လည်းလိုက်တယ်လေ.......

"စောစောပြန်လာ....မေမေကဘာမှမပြောဘူးဆိုပြီးလုပ်ချင်ရာလုပ်မနေနဲ့...မင်းဖေဖေသိရင် မလွယ်ဘူးနော်..."

One Day I Will Love You Back (completed)Donde viven las historias. Descúbrelo ahora