Chapter -14

217 4 0
                                    


စာမေးပွဲ ကျတဲ့ကိစ္စ မေမေ့ကိုအန်တီနုကဖုန်းဆက်ပြီးပြောတော့ ဆူတာမျိုးမဟုတ်ပေမယ့်
စာမေးပွဲကြီးအတွက် ကိုယ့်ထပ်အပူသောက
ရောက်ကာ ဖုန်းချသွားတဲ့ မေ့မေ့ကို စိတ်မကောင်းတော့ဖြစ်မိသား.....အခုရက်ပိုင်းတော့ညဘက်တွေဟိုကမ္ဘာဦးကောင်ကို မရတဲ့စာတွေရှင်းပြခိုင်းတာ နဲနဲတော့ အဆင်ပြေလာသလိုပဲ.....တစ်ခုပဲ ကျွန်တော်နဲနဲနေရခက်နေတာ သူနဲ့အတူတူရှိနေရင်....

"ဟို ကောင်းကင်တံမံ ကိုပေးစရာလေးရှိလို့"

လူကောင်သေးသေးပုပု အသားဖွေးဖွေးနဲ့တရုတ်မပေါက်စလေးလိုပဲ အသံသေးသေးလေးနဲ့ ကျွန်တော့်နာမည်ကို ခေါ်ပြီး ပေးစရာရှိလို့ဆိုပဲ....

"ဘာလဲ ပေးလေ"

မျက်စိရှေ့ရောက်လာတဲ့ စာအိတ်ပန်းရောင်နဲ့ပန်းရောင်ဗူးသေးသေးလေး.....
ကျွန်တော် မျက်ခုံးတွေတွန့်ချိုးပြီး ကောင်မလေးကို ကြည့်လိုက်တယ်....

"ကောင်းကင် အတွက်"

"wooo မင်းး ကျောင်းတုန်းကအစွမ်းတွေမကျသေးဘူးပဲ"

"မင်းပါးစပ်ကိုပိတ်ထားစမ်း"

စပ်ဖြဲဖြဲနဲ့မျက်နှာရူးလာလုပ်နေတဲ့ ရှင်းကို ကျွန်တော်သွားကြားထဲကအသံနဲ့ကြိတ်ပြောလိုက်တယ်...ကျွန်တော်လည်း ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်ရမလဲမသိတာနဲ့ နောက်တန်းက ဇန့်ကိုလှည့်ကြည့်မိတယ်....ဇန် ကမျက်ခုံးပင့်ပြတယ် ဘယ်လိုလုပ်မှာလဲ ဆိုတဲ့သဘောနဲ့ ဘာမဆိုင်ညာမဆိုင် ကဏ္ဍဦးတည် ဆီပါ အကြည့်ကရောက်သွားသေးတာ.....
ကျွန်တော့်ကို သူစိုက်ကြည့်နေသလိုခံစားလိုက်ရပေမယ့် တကယ်တမ်း မကြည့်နေပါဘူး ခုံပေါ်က ဖတ်စာအုပ်ကိုသာ စိုက်ကြည့်နေတာ...ကျွန်တော်ပဲစိတ်ထင်တာများလား....

"ကောင်းကင်"

​ကောင်မလေးက ကျွန်တော့်နာမည်ကို နောက်တစ်ခါထပ်ခေါ်တယ်....

"ဟေ့ကောင် မင်းယူမှာဖြင့်ယူ ဟိုကစက်ရုပ်မဟုတ်ဘူး ပေးနေတယ်လေ"

ရှင်းပြောမှပဲ ကျွန်တော် ကောင်မလေးကို ပြန်ကြည့်မိပြီး နဲနဲတောင်အားနာသွားရတယ် သူ့လက်ထဲကပစ္စည်းတွေကို ကျွန်တော့်ဆီ ဆန့်ပေးထားရတာမဟုတ်လား....ကျောင်းသားတွေအများကြီးရှေ့မှာ ကျွန်တော်ငြင်းလိုက်ရင် သေချာတယ် ကောင်မလေး ရှက်သွားမှာ...ဒါကြောင့် အခုယူထားပြီး နောက်မှသူတစ်ယောက်ထဲရှိချိန် ပြန်ပေးရမယ်....ဒါကသူ့ကိုမျှော့်လင့်ချက်ပေးသလိုဖြစ်ပေမယ့် အရှက်ရတာထပ်တော့ ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်..အာ့တာကြောင့် သူ့လက်ထဲက စာအိတ်နဲ့ဗူး ကို လှမ်းယူလိုက်တယ်...

One Day I Will Love You Back (completed)Donde viven las historias. Descúbrelo ahora