Chapter-41

222 13 2
                                    


(လက်ထပ်ပွဲကျင်းပရန်တစ်ပတ်အလို....)

"ကျွန်တော်...မနက်ဖြန် တစ်ရက်တော့ အကို့ကိုနောက်ဆုံးတစ်ကြိမ်လောက်တွေ့ခွင့်ရှိမလား....ဒီတစ်ခါပဲ ထပ်မတွေ့တော့ဘူးလို့ ကတိပေးတယ်..."

"မင်း ဒီနေ့လည်း...သူ့အိမ်ရှေ့ထိရောက်ခဲ့တာပဲလေ.....ငါပြောတာ မှန်ရဲ့လား...."

"အဟက်...ကျွန်တော့်နောက်ကို လူလွှတ်ထားတာပဲ...."

"မေမေ ဒီမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး...အဲ့ဒါကြောင့် မင်းနောက်ကို လိုက်ကြည့်ခိုင်းထားရုံလောက်ပါပဲ...."

"ကျွန်တော် ယောကျ်ားပါ....ပြောထားတဲ့အတိုင်းလုပ်မှာ....မေမေလည်း ကတိတည်ပေး...အကို့ ကိုမထိခိုက်နေသေးသ၍ ကျွန်တော်လည်း ကတိတည်မယ်......
မနက်ဖြန်တစ်ရက်ကတော့...နောက်ဆုံးအနေနဲ့ပါ.....ကျွန်တော်တောင်းပန်ပါတယ်.....ခွင့်ပြုပေးပါ...."

"ဟုတ်ပြီ....ခွင့်ပြုတယ်....သူလည်း ဒီမှာ ဆေးစစ်စရာတွေအကုန် စစ်ဆေးပြီးပြီဆိုတော့.....နောက်၃ရက်၄ရက်နေရင် စင်ကာပူ သွားရတော့မှာပဲလေ.....နောက်ဆုံးအနေနဲ့ ကောင်းကောင်းနှုတ်ဆက်ခဲ့....."

ကျွန်တော် လက်သီးကို တင်းနေအောင်ဆုပ်ထားမိတယ်.....ကျွန်တော်လေ နောက်ဘဝသာရှိမယ်ဆိုကျွန်တော့်မေမေလို မိခင်မျိုးနဲ့ ထပ်မဆုံချင်တော့ဘူး.....မဆုံပါရစေနဲ့တော့ လို့သာအထပ်ထပ်အခါခါ ဆုတောင်းမိတယ်.....

#########

တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး.....အရင်က အကိုနဲ့ Date လုပ်မယ်ဆို မနက်ခင်း နိုးလာကတည်းက တက်တက်ကြွကြွဖြစ်နေတတ်တာ....ဒီနေ့က အကိုနဲ့ နောက်ဆုံးအကြိမ်အဖြစ် အတူရှိရမယ်လို့ တွေးလိုက်တိုင်း ရင်ဘတ်ထဲကတဆစ်ဆစ်နာတယ်......
အကိုပြန်လာလို့ကျွန်တော်လက်ထပ်လိုက်တဲ့အကြောင်းသိသွားခဲ့ရင် အကို ကျွန်တော့်ကို အများကြီး မုန်းသွားမလား........

ဘာပဲဖြစ်ဖြစ် ဒီ​နေ့တော့ အကို့ရှေ့မှာ အ​တတ်နိုင်ဆုံးပျော်နေတဲ့ပုံဖြစ်အောင် ဘာမှမဖြစ်သလိုနေရမယ်.....ဒါမှ အကိုက စိတ်
ဖြောင့်ဖြောင့်နဲ့ဆေးသွားကုနိုင်မှာ......ပုံမှန်ထပ် ပိုပြီး သန့်နေအောင်ပြင်သွားရမယ်....အကိုက အဖြူရောင်ဆိုသိပ်ကြိုက်တာကြောင့် အဖြူရောင် ရှပ်အင်္ကျီလက်ရှည်တစ်ထည်နဲ့ အောက်က ဂျင်းပြာနုနု ကိုပဲ
ဝတ်လိုက်တယ်...ပြီးတော့ အကိုက fashion ဆိုင်သာဖွင့်ထားတာ အသစ်ပေါ်တဲ့ ဒီဇိုင်းဆန်းဆန်း အရောင်ရင့်ရင့်အဝတ်အစားတွေဆို သိပ်မျက်စိနောက်တယ်တဲ့....ဂျင်းဘောင်းဘီဆို ရိုးရိုးပဲ အပြဲပါတာတွေဘာတွေ ဝတ်သွားကြည့်ပါ့လား....လမ်းဘေးစတိုင်လ်နဲ့ဆိုပြီး ပြောတတ်သေးတာ.....

One Day I Will Love You Back (completed)Donde viven las historias. Descúbrelo ahora