ကောင်းကင်တံမံ....သူ့ကိုတွေ့ချင်တယ်...ရူး မလိုပဲဟိုနေ့ကလို သူ့ဆိုင်ကယ်ရှေ့ပိတ်ရပ်လိုက်တာမျိုး ထပ်လုပ်ရမလား....အဲ့လိုလည်းမဖြစ်သေးဘူး.... ဘယ်လိုလုပ်မှ သူနဲ့ ထပ်တွေ့ရတော့ မှာလဲ....."ဟေးးးကိုတည် ကိုယ်တံခါးခေါက်နေတာ ကြာပြီ လူမရှိဘူးတောင်ထင်နေတာ ဘာတွေတွေးနေလို့ မကြားရတာလဲ....ပြောပါအုံး"
ဟင်....ညီက အခန်းထဲတောင်ရောက်နေပြီ....တံခါးခေါက်သံကိုတောင် ကျွန်တော်မကြားလိုက်တာလား....
"အာ....ညီရောက်နေတာ ကြာပြီလားး"
"မသိဘူးလား ကိုယ်ဒီနားမှာ ရပ်နေတာ မိနစ်၂၀လောက်ရှိပြီ"
"အာ...တကယ်...တကယ်လား ငါမသိလိုက်...
"နောက်နေတာပါဗျာ....အကိုကအတွေးလွန်နေတာကိုးးး..."
"အင်းးး ငါစီးပွားရေးတစ်ခုခုလုပ်ဖို့တွေးနေလို့ပါ..."
"ဟုတ်ပါပြီ....စီးပွားရေးအကြောင်းပဲထားပါတော့....ပြောစရာရှိလို့ ကိုယ်နဲ့ညနေ ပွဲတစ်ခုသွားရအောင် လိုက်ခဲ့မလား....ကိုတည်လည်းရောက်တည်းက အိမ်ထဲမှာပဲလေ....ကိုယ်နဲ့အဖော်လိုက်ခဲ့ပေး...လူသိပ်မများပါဘူးစေ့စပ်ပွဲလေးပဲ...ကိုယ့်ဆိုင်က အမာခံ customerရဲ့သားမလို့ သွားမှဖြစ်မှာ"
"အင်းးလိုက်ခဲ့မယ်လေ....မင်းအဖော်ရအောင်"
"ဟုတ်ပြီ....ဒါဆို ညနေသွားကြတာပေါ့....."
"အင်းးး"
######
"ငါ့တူက ရောက်လာသားပဲ.... အန်တီက မလာနိုင်ဘူးလို့တောင်ထင်တာ ငါ့တူကအလုပ်များတာကြောင့်လေ"
"လာရမှာပေါ့ ကိုယ့်အန်တီရဲ့ ပွဲပဲကို"
"အယ်...အန်တီ့ပွဲမဟုတ်ပါဘူးကွယ်...အန်တီ့သားပါ..."
"အာ...sorry ပါဗျ ကျွန်တော်စကားပြောတာလောသွားတယ်"
"ရပါတယ်ကွယ်...ဒါနဲ့ဒီဘက်က "
"ဒါက ကျွန်တော့်အမွှာအကိုပါဗျ....ကမ္ဘာဦးတည်လို့ခေါ်ပါတယ်ဗျ..."
"အမွှာရှိတာလား....ရုပ်ချင်းအတော်ကိုဆင်ပါတယ်လို့တွေးနေတာ...ဒါကြောင့်ကို...."
ESTÁS LEYENDO
One Day I Will Love You Back (completed)
Novela Juvenilပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...