ကဏ္ဍဦးတည်ရဲ့ အကြောင်းစုံကို သိပြီးတဲ့နောက် သူ့ကို ပိုနားလည်ပေးဖြစ်လာတယ်....ပိုအချစ်ပိုလာရတယ်....ကျွန်တော့်ချစ်သူလေး အသက်နဲ့မှ မလိုက်ဘယ်လောက်တောင် စိတ်ထိခိုက်ခဲ့ရမလဲ.....
ဘယ်လောက်တောင် ကြောက်နေခဲ့လိုက်မလဲ...."စိတ်လှုပ်ရှားနေလား...."
"နည်းနည်းပါ....."
"ငါရှိတယ်....ပြီးတော့အိမ်က မင်းကိုတွေ့ချင်နေတာပါ...ဘာမှ ကြောက်စရာမရှိဘူး..."
"မကြောက်ပါဘူး....စိတ်လှုပ်ရှားရုံပဲ...."
"အဟင်း....အင်းပါ...."
"ဘာရီတာလဲ....."
"မေ ကမင်းကို သဘောကျမှာပါ....."
မေးတာနဲ့ ဖြေတာက တခြားဆီထွက်လာ၏....
"အင်းးပါ...."
အပြင်ဘက်က လှမ်းမြင်နေရတာတောင်
ခေတ်မှီပြီး ထည်ထည်ဝါဝါနှင့်တည်ရှိနေသော ကြီးကြီးမားမာ ၃ထပ်အဆောက်အဦး....ကားဟွန်းတီးတာနဲ့ အလိုအလျှောက်ပွင့်သွားသော ခြံတံခါး....
ကဏ္ဍဦးတည်ရဲ့ အိမ်ကိုပထမဆုံးအကြိမ်ရောက်ဖူးခြင်းက ကျွန်တော်ကိုမှင်သက်သွားစေတယ်....ကားပေါ်က ဆင်းတာနဲ့ ကျွန်တော့်လက်ကို စုပ်ကိုင်လာတယ်....
"သွားကြရအောင်..."
"အင်း...."
တိုက်ထဲဝင်လိုက်သည်နှင့် ခန့်မှန်းထားသည့်အတိုင်း အတွင်းပိုင်းအပြင်အဆင်တွေကလည်း သိပ်ကို ခမ်းခမ်းနားနားပါပဲ....ဒီအခြေအနေက ကျွန်တော့်ကို စိုးရိမ်မှုတွေ ရိုက်သွင်းပေးနေသလိုပဲ....
ဧည့်ခန်းထဲတွင် ထိုင်နေသော လူသုံးယောက်....ကဏ္ဍဦးညီကတော့ ကျွန်တော်တို့ကို မြင်တာနဲ့ ထလာပြီး....
"ရောက်လာပြီပေါ့....
ယောက်ဖလေးလို့ ခေါ်ရမလာ....
ကောင်းကင်တံမံလို့ပဲခေါ်ရမလား...."ကျွန်တော် မျက်နှာ မထားတတ်အောင် အနေရခက်သွားသည်....လူကြီးနှစ်ယောက်ထိုင်နေရာဆီ မဝံ့မရဲ ငဲ့ကြည့်တော့ ပြုံးနေကြသယောင်ယောင်ပါပဲ.....
"ညီ...!!!"
"အာ....sorry...ကိုယ် လောသွားတယ်...."
"သား....အကိုတို့ကို နေရခက်အောင် လုပ်မနေနဲ့...."
YOU ARE READING
One Day I Will Love You Back (completed)
Teen Fictionပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ့ trauma ရှိနေသူ ကဏ္ဍဦးတည် ဆိုတဲ့ လူ တစ်ယောက်ရောက်လာတဲ့အခါ....သူတို့နှစ်ယောက်ကြားထဲက အချစ်ဆိုတာဘယ်လ...