Episode 2

13.3K 1.2K 216
                                    

#Unicode

ဓားပြခေါင်းဆောင် Jeon Jungkook တဲ့ ။
နှစ်ယောက်မရှိအောင်ရက်စက်သည် ..
ရက်စက်တဲ့နေရာမှာ တကယ့်ကို ပြိုင်ဘက်ကင်း၏ ။

သူသည် Jeoseung Saja ဟုနာမည်ကြီးကာ ထင်ရှားသည် ။အဓိပ္ပာယ်ကတော့"သေမင်း"ဖြစ်၏ ။ Jeoseung Saja သည် သေသူများကို တမလွန်သို့ ပို့ဆောင်ပေးရသည့် မရဏ နတ်ဘုရားတစ်ပါးပင်တည်း ။
ဓားပြခေါင်းဆောင် Jeoseung Saja ဆိုရင် မသိတဲ့သူမရှိပေမယ့် မျက်နှာအသွင်အပြင်က မည်သို့မည်ပုံရှိလိမ့်မည်ဆိုတာကိုတော့ မသိကြချေ ...
Jeoseung Saja ၏ မျက်နှာကို မြင်ဖူးတဲ့သူမရှိသလို ရှိခဲ့ရင်လဲ အသက်ရှင်သန်ခွင့်ရလိမ့်မည် မဟုတ်ပေ ။

လက်ထဲက ဓားမြှောင်လေးကို အစွမ်းကုန် ချွန်ထက်နေအောင် သွေးနေလိုက်သည် ။
အားသုံးစရာမလိုအောင် တိခနဲ ပြတ်တဲ့အထိ ထက်နေမှသာ Jungkook သဘောကျသည်။
သူကိုင်သမျှ ဓားသွားတိုင်းက တကယ့်ကို ထက်၏ ။

"ဒီတစ်ခါ ဘယ်သူ့လည်ပင်းပေါ် ဓားသွားကျသွားမလဲ .. အဟင်း"

Jungkook မဲ့ပြုံးပြုံးလိုက်သည် ။
လူသတ်ရတာကို ကြိုက်သည် ..
လူတွေရဲ့ လည်ပင်းပေါ် ဓားသွားတင်ပြီး တိခနဲ ဖြတ်ပစ်ရသည်ကို နှစ်ခြိုက်သည် ။
တစ်ချိန်တုန်းက သူနာကျင်ခဲ့ရသည့် နာကျင်မှုတွေကို အခုလိုနည်းတွေဖြင့်သာ ဖြေလျော့ပစ်နိုင်သည် ။

"သူတော်ကောင်းမလုပ်ချင်ဘူး .. ကောင်းတဲ့လူတိုင်းကရော ဇာတ်သိမ်းလှလှလေးကို ပိုင်ဆိုင်ခဲ့ရလို့လား .. အဟင်း.. ဒီလောကကြီးက များများယုတ်မာတဲ့သူတွေကိုပဲ နေရာပေးတာ .. သူတော်ကောင်းတွေအတွက် အစကတည်းက နေရာမရှိဘဲ"

Jungkook ၏ မျက်လုံးတွေကနီရဲလာသည်။ထို့နောက် မျက်လုံးအိမ်ထဲမှလဲ မျက်ရည်တွေ စီးကျလာခဲ့၏ ။
နှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရသည် ..
ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့လျက်နှင့် အဆိုးဆုံးအရာတွေကိုသာ တန်ပြန်ရရှိခဲ့သည်။
ခက်ခက်ခဲခဲရှင်သန်လာရသည်မို့ ထိုရှင်သန်မှုကို မုန်းတီးမိသည် ။

"ငါ့ကို နာကျင်စေခဲ့တဲ့သူတိုင်း သေချာပေါက် သေရမှာ .. ငါ့လက်ထဲမှာပဲ"

****

ဂန်ယူဆိုသော ရွာကလေးသို့ Taehyung ရောက်ရှိလာခဲ့သည် ။
ရွာလေးက အိမ်ခြေတစ်ရာ ဝန်းကျင်လောက်တော့ရှိပါ၏ ။
အရင်က ဂန်ယူရွာလေးသည် ရွာကြီးတစ်ရွာဖြစ်ပြီး စည်ကားခဲ့သည်ဟု ကြားဖူး၏ .. အခုအခြေအနေနဲ့တော့ များစွာ ကွဲလွဲနေသည်။

WHY Not Me?(Completed)Tahanan ng mga kuwento. Tumuklas ngayon