Episode 19

9.5K 823 64
                                    

ရဲအဖွဲ့ကို Rim ရသလောက်ခုခံနေ၏ ။
ထိုစဥ် သူ့မြင်ကွင်းရှေ့ကို ရောက်လာသည်က ပြေးလွှားနေသည့် Min Hyun၏ ပုံရိပ်ပင် ။
ဒေါသကြောင့်ရော မနာလိုမှုတွေပါပေါင်းပြီး Min Hyunဆီကို သေနတ်နှင့်တန်းတန်းချိန်လိုက်သည် ။

~ဒိုင်း!~

သေနတ်သံတစ်ချက်နှင့်အတူ စီးကျလာတဲ့ သွေးတွေကြောင့် Rim အနောက်ကိုလှည့်ကြည့်လိုက်သည် ။
ထိုအခါ သေနတ်အားကိုင်ထားသည့် Hwa Youngကိုတွေ့လိုက်ရသည် ။
Rimက Min Hyunကို မပစ်ခင်မှာပင် Hwa Young က Rim ရဲ့ခြေထောက်အား ပစ်လိုက်တာဖြစ်၏။

"မင်းသမီးလေး.."

Rim ဒေါသမထွက်မိပါ.. စိတ််မကောင်းဖြစ်ရုံမျှသာ ။
အနည်းဆုံးတော့ သူမဟာ သူမချစ်ရတဲ့အမျိုးသမီးရဲ့လက်နှင့် သေဆုံးခွင့်ရလိမ့်မည် ။ သူမ ဘယ်လောက်တောင်ကံကောင်းလိုက်သလဲလေ ။

"ရှင် လက်နက်ချပါ!"

Hwa Youngက သေနတ်ကိုကိုင်၍ Rimအနားကို ချဥ်းကပ်လာသည် ။ Rimပြုံး၍ မဆိုင်းမတွပင် လက်ထဲက သေနတ်ကို ပစ်ချလိုက်၏ ။

"နောက်ဆုံးတော့ ဒီလိုနေ့ကိုရောက်လာခဲ့တာပဲ ။ ကျွန်မတကယ် လွတ်မြောက်နိုင်ပြီ"

Hwa Young စကားကြောင့် Rim သွားလေးပေါ်သည်အထိ ရယ်လိုက်မိသည် ။
နာကျင်ရပေမယ့် ချစ်ရတဲ့အမျိုးသမီးလေးက ပျော်ရွှင်သွားမှာသေချာတာမို့ ကျေနပ်မိပါ၏ ။

"မင်းသမီးလေး ... တို့ကို ရှင်မမှတ်မိခဲ့ဘူးလား"

Rimစကားကြောင့် Hwa Young က နားမလည်သလိုကြည့်ကာ

"ရှင်ဘာတွေ ဉာဏ်ဆင်အုံးမလို့လဲ"

"တို့မရှိတော့ရင် စခန်းထဲက သေတ္တာလေးကို မင်းသမီးလေးယူသွားပေးပါ ။ နောက်ဆုံးဆန္ဒမို့ ဖြည့်ဆည်းပေးပါလို့ တို့ တောင်းဆိုပါတယ်"

"ရှင် အဖမ်းခံပါ Rim... ရှင့်ရဲ့အပြစ်တွေအတွက် ပေးဆပ်ပါ"

Rimကပြုံးသည် ။ ထို့နောက် Hwa Young အနားသို့တဖြေးဖြေးတိုးကပ်လာ၏ ။
Hwa young ကြောင်အကာ ငြိမ်သက်နေမိသည် ။
Rimက Hwa Young၏လက်ကိုထပ်ကိုင်ကာ သူမ၏ရင်ဘက်အား သေနတ်ဖြင့်ချိန်စေသည် ။

"အဖမ်းမခံချင်တာမို့ သတ်ပေးလို့ရမလား။ ဒီလောက်အထိပဲ ကံပါတာမို့ တို့ကိုသတ်ပေးတဲ့သူက မင်းသမီးလေးသာဖြစ်မယ်ဆိုရင် တို့သေပျော်ပါပြီ"

WHY Not Me?(Completed)Where stories live. Discover now