Episode 11

9.8K 894 41
                                    

#Unicode

"မင်းက အသီးအရွက်လဲကောင်းကောင်းစားသားပဲ"

သိန်းငှက်လေးသည် Kim ကျွေးသမျှ အစားအစာမှန်သမျှကို မငြင်းဘဲစား၏ ။ အသီးအနှံတွေကိုလဲ Kim ကျွေးလျှင် အားပါးတရစားသည် ။

"ငါ့အနားမှာပဲ အခုလိုနေရတာ မပျင်းဘူးလား။ လွတ်လွတ်လပ်လပ် ပျံသန်းတာက ပိုကောင်းတာမို့လား"

သိန်းငှက်လေးက ခေါင်းရမ်းပြသည်။
Kim ပြုံးလိုက်မိပါ၏ ။
ဘယ်ဘဝက ရေစက်ကြောင့်ရယ်မသိ သိန်းငှက်လေးက သူ့ကိုခင်တွယ်နေသည် ။
သံယောဇဉ်ဆိုတာမျိုးက လူသားတွေမှာပဲရှိတာမျိုးမဟုတ်ဘူးဆိုတာကို ကောင်းကောင်းလက်ခံလိုက်ရသည် ။

"ငါမင်းအတွက် အကောင်းဆုံး သခင်ဖြစ်ပေးပါ့မယ်"

ကြာပန်းသခင်Kimနှင့်အတူနေရသည်ကို သိန်းငှက်လေးက နှစ်ခြိုက်သည် ။
Kimကလဲ သူ့အား အရိပ်တကြည့်ကြည့်နှင့်ဂရုစိုက်ပေး၏ ။
Kimပြောသမျှကို သူနားလည်သလို သူ့ရဲ့ အရိပ်အခြေကိုလဲ Kimက သိနားလည်သည်။

သို့သော်လည်း မထင်မှတ်ထားတဲ့ အနှောင့်အယှက်တစ်ခုက ဝင်လာခဲ့၏ ။
စစ်နတ်ဘုရား Jeonဆိုသည့်လူ ရောက်ရှိလာတဲ့အချိန်မှာတော့ Kim က သိသိသာသာပြောင်းလဲသွားခဲ့တော့သည် ။

"အရင်က မတော်တဆနဲ့ ဒီကိုရောက်လာတာ ဟုတ်ပါပြီ ။ အခုကျတော့ ဘာကိုအလိုရှိလို့ နတ်ဘုရားက ဒီကို ခဏခဏလာရတာလဲ"

"ကိုယ်က ကြာပန်းလေးကို အလိုရှိလို့ပါ"

Kim ရှက်၍ ခေါင်းလေးငုံ့လိုက်ပါ၏ ။
နတ်ဘုရားနှင့် မတော်တဆတွေ့ဆုံမှုကနေစပြီး နတ်ဘုရားအပေါ်ကို တွယ်တာမိသွားခဲ့သည် ။
စစ်နတ်ဘုရားသည် ခန့်ညားလွန်းပြီး သူမတူအောင် ချောမောလွန်းသည် ။

"Kim...ကိုယ်နဲ့အတူနေမလား ။ ကိုယ်မင်းကို လက်ထပ်ချင်တယ် "

"အို... ကျွန်ုနဲ့ နတ်ဘုရားJeon တွေ့တာ ဘာမှတောင်မကြာသေးတာကို"

Jeonသည် Kim လက်ကလေးကိုဆုပ်ကိုင်ကာ

"အချိန်က အရေးမကြီးပါဘူးကွယ် .. အဓိက က ချစ်ခြင်းမေတ္တာပါပဲ ။ ကိုယ့်ရဲ့အချစ်တွေကို ခံစားမိရဲ့လား Kim "

WHY Not Me?(Completed)Where stories live. Discover now