Extra

16K 1.2K 354
                                    

#Unicode

Jeonက ဟိုးအရင်ကနှင့်မတူတော့တာကို တဖြေးဖြေးနှင့် Taehyung ရိပ်မိလာခဲ့သည်။
ဓားပြခေါင်းဆောင် သေဆုံးပြီးနောက် Jeonရဲ့ပုံစံက သိသိသာသာပြောင်းလဲလာ၏။
အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေဆိုရင် ဓားပြခေါင်းဆောင်၏ ပုံစံနှင့် တစ်ထပ်တည်းတူညီသွားတတ်သည် ။
လူတစ်ကိုယ် ၊ စိတ်နှစ်မျိုး ပုံစံမျိုး ။

"Tae"

တွေးနေရင်းပင် အနောက်ကနေရောက်လာတဲ့ Jeon ကြောင့် Taehyung ကိုယ်လေး ဆက်ခနဲတုန်သွား၏ ။
Jeonက အနောက်ကနေသူ့ခါးကိုဖက်ပြီး ပခုံးပေါ်သို့ မေးတင်လာသည် ။

ဒီလိုပုံစံမျိုးကို Jeonဘယ်တုန်းကမှ မပြုမူတတ်တာကို Taehyung သိသည် ။
အခုလိုပုံစံကို သူချည်ထိုးတဲ့အခါ ဓားပြခေါင်းဆောင်သာလုပ်လေ့ရှိခဲ့သည် ။

"Tae"

ထပ်မံ၍ခေါ်ဆိုလာသည်မို့ Taehyung အလျင်အမြန်ပင် ပြန်ထူးလိုက်ရသည်။

"အင်း... Jeon ဘာလိုအပ်လို့လဲ"

"ဒီနေ့ ဆေးရုံမသွားပါနဲ့လား"

"ဘာလို့လဲ Jeon"

"Tae ကို ဒီအတိုင်းဖက်ထားချင်လို့ ။ ကိုယ်ရတဲ့အချိန်လေးကို Taeနဲ့ ကုန်ဆုံးချင်လို့လေ"

Taehyung ၏ရင်ထဲတွင် တဆစ်ဆစ်နာကျင်လာရသည် ။
Jeonသာဆိုရင် သူ့ရဲ့အလုပ်ကိုမသွားဖို့ ဘယ်တော့မှတားလိမ့်မည်မဟုတ်ဘူးဆိုတာ Taehyung သိသည် ။

"အင်း... ငါဘယ်မှမသွားတော့ဘူးနော် Jeon"

Taehyung မငိုမိအောင်မနည်းထိန်းထားရသည် ။
ကံကြမ္မာက ထူးဆန်းလွန်း၏ ။
သူတွေးလို့မရနိုင်အောင်အထိ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနှင့် ကြုံတွေ့နေရသည်။

ဓားပြခေါင်းဆောင် မသေဆုံးခင်က ရွတ်ဆိုခဲ့တဲ့ကဗျာကို Taehyung နားလည်သလိုလိုရှိလာခဲ့၏ ။

နားထဲမှာ တဖြေးဖြေးကြားယောင်လာခဲ့သည့် ထိုကဗျာ ။

"နာမ်ဝိညာဉ်တွေ ပေါင်းစည်းမယ်
ခန္ဓာကိုယ်အား မျှဝေကွယ်
တစ်ယောက်သေပြီး နှစ်ယောက်ရှင်မယ်
အသိစိတ်တွေလဲ ကပ်စေကွယ်
အချစ်တစ်ခုကို ရူးသွပ်လို့ရယ်
အမုန်းဆုံးလမ်းကို ရွေးချယ်ခဲ့တယ်"

WHY Not Me?(Completed)Where stories live. Discover now