Episode 7

10.8K 1K 160
                                    

#Unicode

"ငါ့ကိုသိက္ခာကျအောင်လုပ်ပြီး ဒီထမင်းကိုစားနိုင်သေးတယ်ပေါ့!"

"ခွမ်း!"

ကလေးငယ်၏ လက်ထဲက ထမင်းပန်းကန်ကို ခြေထောက်ဖြင့်ဆောင့်ကန်ပစ်သည် ။
ထမင်းခွက်လေးက ကြမ်းပြင်ပေါ်မှာ ဖိတ်စင်သွား၏ ။

"မင်းကို အရှေ့ထွက်မလာနဲ့လို့ ငါမပြောထားဘူးလား! သောက်နားကမပါတာလား"

နားရွက်ကို ခပ်ကြမ်းကြမ်းဆွဲလိမ်ပစ်လိုက်တော့ ကလေးငယ်လေးက အော်ဟစ်ကာငိုလာသည် ။

"အဖေ.. နာတယ်.. "

"နာတတ်ရင် လူလိုပြောတာကို နားလည်ရတယ်ကွ ! မင်းလိုကောင်က ငါ့ဧည့်သည်တွေမြင်အောင် ထွက်လာစရာလား!"

"သားဗိုက်ဆာလို့ ထမင်းလာယူမိတာပါ.. သားဗိုက်ဆာလို့ပါ"

"စားလေ .. မင်းဗိုက်ဆာနေရင်လဲ အဲ့ဒီ ထမင်းတွေကိုစား ! ကြမ်းပြင်ပေါ်ကဟာတွေကို လျှာနဲ့လျက်!"

ကလေးငယ်လေးက တစ်သွေမတိမ်းပင် ကြမ်းပြင်ပေါ်က ထမင်းတွေကို အားရပါးရစားရှာသည် ။

"ခွေးလိုကောင်..ရွံစရာကောင်းလွန်းတယ်"

အဖေဖြစ်သူက ကလေးငယ်လေးကို ရွံရှာသလိုကြည့်၍ ထွက်သွားသည် ။
ကလေးငယ်လေးသည် မျက်ရည်စက်လက်နှင့် ကြမ်းပြင်ပေါ်က ထမင်းတွေကို အားရပါးရ စားသောက်နေခဲ့၏ ။
ထမင်းဆိုတာ နပ်မမှန်တာမို့ စားရသောက်ရတဲ့ ထမင်းတစ်နပ်တိုင်းက ကလေးငယ်လေးအတွက် များစွာအဖိုးတန်သည် ။
အသက်ရှင်သန်ဖို့အတွက် ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ကြိုးစားရမယ် မဟုတ်လား ။

ထမင်းပန်းကန်ကိုကိုင်၍ အငမ်းမရစားသောက်နေတဲ့ လူအိုကြီးကိုကြည့်၍ Jungkook မဲ့ပြုံးပြုံးလိုက်သည် ။
ဝဲတတ်နေတဲ့ မျက်ရည်စတွေကိုလဲ စီးကျမလာအောင် ပုတ်ထုတ်ပစ်လိုက်၏ ။
တစ်ချိန်က သူ့ကို ခွေးတစ်ကောင်လို ဆက်ဆံခဲ့တဲ့အဖေက အခုတော့ သူရှေ့မှာ တကယ့်ခွေးတစ်ကောင်လို နေထိုင်နေရသည် ။
ဒါက ဘယ်လောက်တောင် ကောင်းလိုက်သလဲ ။

"စားထား ... ခင်ဗျားလုပ်ခဲ့သလိုတော့ ထမင်းပန်းကန်ကို ဆောင့်ကန်မပစ်ပါဘူး ။ ဒါပေမဲ့ မှတ်ထားနော် အဖေ.. တစ်နေ့ကျရင် အဆိပ်ထည့်ထားတဲ့ ထမင်းကို ခင်ဗျားသေချာပေါက် စားရမယ်"

WHY Not Me?(Completed)Where stories live. Discover now