Episode 13

11.3K 964 73
                                        

#Unicode

"ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ် Taehyung ... ကျုပ်နဲ့ပဲ တစ်သက်လုံးအတူနေသွားမလား ဒါမှမဟုတ် သေတာထက်ဆိုးတဲ့ဘဝမှာ နေချင်လား"

ဓားပြခေါင်းဆောင်က မေးခွန်းထုတ်လာသည် ။
နှစ်ခုလုံးကို Taehyung မရွေးချယ်နိုင်ပါ။
သို့သော်လည်း ဓားပြခေါင်းဆောင်လိုလူနှင့်တော့ အတူမနေနိုင်ပါပေ ။
သေရမယ်ဆိုရင်တောင်မှ သေလမ်းကိုပဲ ရွေးချယ်ပစ်လိုက်တော့မည် ။

"ငါမင်းနဲ့ အတူမနေနိုင်ဘူး .. ငါချစ်တာက Jeonမို့ သူနဲ့ပဲအတူနေမှာ"

Taehyung ရဲ့ အဖြေစကားကြောင့် ဓားပြခေါင်းဆောင်က ဟားတိုက်ကာရယ်သည်။
ထို့နောက် Taehyung ရဲ့မေးစေ့ကိုဆွဲမော့ကာ

"ခင်ဗျားတို့နှစ်ယောက်လုံးက ကျုပ်လက်ထဲမှာ ... သေမင်းရဲ့လက်ကနေ လွတ်မြောက်ပြီး အတူနေနိုင်မယ်ထင်လို့လား ! ဆုတောင်းနေလိုက် Kim Taehyung ... ခင်ဗျားက ကျုပ်နဲ့ပဲ နေလို့ရမှာ ။အဲ့ဒီကောင်နဲ့ အဆုံးသတ်ဖို့တွေးထားရင် လက်လျှော့လိုက် ... မဟုတ်ရင် ခင်ဗျားကိုပါ သတ်ပစ်မှာ"

"သတ်လိုက်လေ! မင်းလိုလူနဲ့အတူနေရမယ့်အစား သေသွားတာက ပိုကောင်းတယ်"

ဓားပြခေါင်းဆောင်က မဲ့ပြုံးပြုံးသည် ။ ထို့နောက် Taehyung ၏ မျက်လုံးကို စေ့စေ့ကြည့်ကာ

"အရမ်းတွေ သတ္တိရှိနေတာလား ဆရာဝန်လေး ။ ဘာလဲ ဒီနေရာမှာ ခင်ဗျားအကောင်ရှိနေတာမို့လား .. ဟားဟားဟားဟား "

ဟားတိုက်ကာရယ်နေတဲ့ ဓားပြခေါင်းဆောင်ကိုကြည့်၍ Taehyung အံကြိတ်ကာ လက်သီးဆုပ်ထားလိုက်သည် ။ ထိုလူသားကို သူသိပ်မုန်း၏ ။

"ကျုပ်က ဘာတွေလုပ်မလဲဆိုတာ ခင်ဗျား စောင့်ကြည့်နေလိုက် ။ ခင်ဗျားမမေ့နဲ့ .. ခင်ဗျားကို ကျုပ်က လက်ထပ်ယူထားတာ!"

ဒေါသတကြီးထွက်သွားတဲ့ ဓားပြခေါင်းဆောင်ကိုကြည့်၍ Taehyung ငိုချင်းချလိုက်မိသည် ။
ဘာလို့ အခုလိုတွေဖြစ်လာရတာလဲ ။
ဒီလိုအခြေအနေတွေကနေ အမြန်ဆုံးရုန်းထွက်ချင်ပါ၏ ။
ဒါက အိပ်မက်တစ်ခုသာဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ ။

WHY Not Me?(Completed)Where stories live. Discover now