#Unicode
အရာအားလုံး အဆင်သင့်ဖြစ်ပြီး ဒုတိယ Jeon Jungkook အဖြစ် ရပ်တည်နိုင်သည့်အချိန်တွင် Kim ဆီသို့ သွားခဲ့သည် ။
Kim က သူ့ကို ဝမ်းပန်းတသာကြိုဆိုလိမ့်မည်ဟု အထင်မှားခဲ့မိ၏ ။တကယ်တမ်းတွင် Kim က သူ့ကို ပစ်ပစ်ခါခါနှင့် ဖြစ်နေတော့၏။"Kim... ကိုယ်ပါ ။ ကိုယ့်ကို မမှတ်မိဘူးလား"
ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး လှုပ်ရမ်းပစ်လိုက်တော့ Kim က ခေါင်းကိုတွင်တွင်ရမ်းကာ
"ဖယ်! မင်းကို ငါမသိဘူး!"
"ကိုယ်က Jeon Jungkook လေ"
"ဟင့်အင်း .. မင်းကငါ့ရဲ့ Jeon မဟုတ်ဘူး!"
စစ်နတ်ဘုရား Jeon ရဲ့ပုံစံအတိုင်း အရာအားလုံး ပြောင်းလဲခဲ့တာတောင် Kim က လုံးဝလက်မခံပေ ။
တစ်ပုံစံတည်းတူညီနေတဲ့ လူနှစ်ယောက်မှာတောင် Kim က သူချစ်တဲ့သူကို ခွဲခြားနိုင်ခဲ့တာ ။"Kim... ကိုယ်နဲ့လိုက်ခဲ့ပေးပါ ။ ကိုယ်မင်းကို ချစ်တယ် .. ပြီးတော့ ကိုယ်ကမင်းကို အရင်တွေ့ခဲ့တာပါ "
"Jeon ကလွဲပြီး ကျွန်ုပ်ဘယ်သူ့ကိုမှ မချစ်နိုင်ပါဘူး "
Jungkook လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်မိသည် ။
စစ်နတ်ဘုရားကိုလဲ ပိုပြီး မုန်းတီးစိတ်ဝင်မိ၏။
တကယ်ဆိုရင် Kimကို သူအရင်တွေ့ခဲ့တာ မဟုတ်လား ...
ပြီးတော့ Kim က သူနဲ့ အရင်ဆုံး ရင်းနှီးခဲ့တာ။"Kim...ကျွန်ုပ်က သိန်းငှက်လေးလေ ။ Kimအနားမှာ အချိန်တစ်ခုအထိ အတူရှိခဲ့တဲ့ သိန်းငှက်လေးပါ ။ မမှတ်မိဘူးလား သခင်"
ထိုသို့ဆိုပြန်တော့ Kimကသူ့ကို စူးစမ်းသလိုကြည့်လာသည် ။
ထို့နောက် ခေါင်းကို တွင်တွင်ရမ်း၍"မဖြစ်နိုင်တာဘဲ ။ မင်းဆီကနေ မိစ္ဆာအငွေ့အသက်တွေပဲရတယ် "
"သခင်... ကျွန်ုပ်သင့်ကိုမလိမ်ပါဘူး ။ မိစ္ဆာဆိုတာလဲ အကြောင်းအမျိုးမျိုးကြောင့် မတတ်သာဘဲဖြစ်သွားခဲ့တာ ။ ကျွန်ုပ်ကို ယုံကြည်ပါ သခင်"
"ငါ မိစ္ဆာတွေကိုမုန်းတယ် ၊ ရွံတယ် ။ သူတို့ရဲ့ စကားတွေကို ယုံကြည်ပေးဖို့ မလုပ်နိုင်ဘူး။ မိစ္ဆာဆိုတာ ယုတ်မာပြီး ကောက်ကျစ်ဖို့ပဲသိတာ"
BINABASA MO ANG
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023