#Unicode
"သူဌေးလေးရဲ့ ယောက်ျားဆိုမှ သတိရတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ကျွန်မသူ့ကို စာတိုက်မှာမြင်ခဲ့သေးတယ်"
"ဟင်"
အလုပ်သမားအမျိုးသမီး၏ စကားကြောင့် Jungkook အံ့သြသွားသည် ။ Taehyung ကို စာတိုက်မှာတွေ့သည်တဲ့လား ။
လူမှားတာပဲဖြစ်နိုင်၏ .. Taehyung ကအဲ့ဒီကိုသွားဖို့ အကြောင်းအရင်းမှမရှိဘဲ ။"မဖြစ်နိုင်တာ... Taehyung က အဲ့ဒီကိုသွားစရာအကြောင်းမှမရှိတာ ။ အစ်မကြီး လူမှားသွားတာနေမှာပါ"
"အို.. လူမမှားပါဘူးရှင် ။ သူဌေးလေးကိုယ်တိုင် ကျွန်မတို့ကို မိတ်ဆက်ပေးထားတဲ့ဟာ ။ သူဌေးလေးရဲ့ အမျိုးသားက စာပို့ဖို့လုပ်နေတာလေ ။ ကျွန်မက နှုတ်ဆက်ချင်ပေမယ့် သူဌေးလေးရဲ့အမျိုးသားက အလျင်လိုနေတဲ့ပုံပေါ်လို့ မနှုတ်ဆက်လိုက်တာ"
ထိုစကားတွေကြောင့် Jungkook ခေါင်းတစ်ခုလုံး ချာချာလည်သွားသလိုခံစားလိုက်ရသည် ။
ရင်ထဲမှာလဲ သောကမီးတွေတောက်လောင်လာ၏ ။
Taehyung က အားလုံးကို ပြန်မှတ်မိသွားတာများလား ။
ထိုအတွေးကြောင့် ရင်တွေပူလာပြီး နေရာကနေ အလျင်အမြန်ပြေးထွက်လာခဲ့လိုက်သည်။မရဘူးနော် Taehyung ...
ခင်ဗျား ကျုပ်ကိုထားခဲ့လို့မရဘူး ။
ကျုပ်မျှော်လင့်ထားသမျှကို ဒီအတိုင်းနဲ့ ပြီးဆုံးစေမှာမဟုတ်ဘူး ။**
"Tae.."
ထိုအသံ... ထိုနာမ်စားကို ကြားလိုက်ရတဲ့အချိန်တွင် Taehyung ၏ ရင်ခုန်နှုန်းများ မြန်ဆန်လာခဲ့သည် ။
ဝမ်းသာလွန်း၍ မျက်ရည်တွေစီးကျလာခဲ့၏။
အလျင်အမြန်ပင် လှည့်ကြည့်လိုက်တော့ သူ့ရဲ့ Jeon ပင်ဖြစ်၏ ။"Jeon!!"
Taehyung အလျင်အမြန်ပင် ပြေးဖက်လိုက်သည် ။
Jeonကလဲသူ့ကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ထားခဲ့သည် ။"ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ ရောက်လာမယ်လို့ထင်မထားခဲ့ဘူး "
"Tae ဆီက စာရရချင်းပဲ ကိုယ်လိုက်လာခဲ့တာ"
Taehyung ဘာမှပြန်မပြောနိုင်သေးဘဲ Jungkook ကိုဖက်၍ ငိုနေမိသည် ။
ဓားပြကောင်၏ ဆေးတွေကြောင့် သူအရာအားလုံးကို မေ့လျော့ပြီး မှားယွင်းစွာချစ်ခဲ့မိသည် ။
သို့သော်လည်း ထင်မှတ်မထားဘဲ Jeon ဆိုသည့် နာမ်စားကို တဖြေးဖြေးနဲ့ ပြန်မှတ်မိလာခဲ့၏ ။
အရာအားလုံးကို ပြန်လည်သတိရလာချိန်တွင် နာကျင်လွန်း၍ ရင်ကွဲမတတ်ခံစားခဲ့ရသည် ။
ချစ်ရတဲ့ Jeonကို သူကိုယ်တိုင် ဓားနှင့်ထိုးပြီး နာကျင်စေခဲ့သည် ။
ပြေးထွက်ချင်ခဲ့၏ ... ဒါပေမဲ့ မလွတ်မြောက်ဘဲ ဒီနေရာမှာပင် ပြန်လည် ချုပ်နှောင်ခံရမည်ကို Taehyung ကြောက်သည် ။
သေဆုံးချင်ခဲ့၏.... သို့သော်လည်း ချစ်ရတဲ့ Jeonကို အမှန်တရားတွေ မပြောရသေးဘဲ ဒီအတိုင်း မထားနိုင်ခဲ့ပေ ။
ထို့ကြောင့် ဓားပြခေါင်းဆောင် သံသယမဝင်အောင်နေပြီး ဟန်ဆောင်ခဲ့ရသည် ။
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023