"ဟင့်အင်း .. မဟုတ်ဘူး .. မဟုတ်ဘူး!!"
"Taehyung "
အိပ်ရင်း ယောင်နေတဲ့ Taehyung ကို Jungkook အတင်း လှုပ်နိုးလိုက်သည် ။ ထိုတော့မှသာ Taehyung က မျက်လုံးဖွင့်ကာ သတိကပ်လာ၏ ။
အေးလှတဲ့ရာသီဥတုမှာပင် Taehyung မှာ ချွေးများ ရွှဲရွှဲစိုနေတော့သည် ။ပါးပြင်မှာလဲ မျက်ရည်စီးကြောင်းတွေ နေရာယူနေ၏။"Taehyung .. အိပ်မက်တွေမက်နေတာလား"
"ယောက်ျား... ကျွန်တော်ကြောက်တယ်"
Taehyung က Jungkook ရင်ခွင်ထဲတိုးဝင်ကာ ငိုရှိုက်နေသည် ။
တသိမ့်သိမ့်တုန်နေတဲ့ Taehyung ရဲ့ခန္ဓာကိုယ်လေးကို Jungkook အသာလေး ပွေ့ဖက်ကာ"ဘယ်လိုအိပ်မက်တွေမက်လို့ ကြောက်နေတာလဲ"
"အင့်... အိပ်မက်ထဲမှာလေ ယောက်ျားက ကျွန်တော့်ကို အကြည့်စူးစူးတွေနဲ့ကြည့်တယ်။ ပြီးတော့ ကျွန်တော့်ကို သစ္စာမရှိတဲ့သူဆိုပြီး စွပ်စွဲတယ် .. ကျွန်တော့်ကို မုန်းတယ်လို့လဲပြောတယ်"
Taehyung က အိပ်မက်အကြောင်းကိုရှင်းပြရင်း သဲကြီးမဲကြီးရှိုက်ငိုနေသည် ။
ဘယ်လောက်တောင် ဝမ်းနည်းနေလဲဆိုတာ ပေါ်လွင်နေပါ၏ ။"မငိုပါနဲ့ .. အဲ့တာက အိပ်မက်ပဲလေ"
"ဟင့်အင်း .. ကျွန်တော်ကြောက်တယ် ။ ယောက်ျားက ကျွန်တော့်ကို မုန်းသွားမှာကို တကယ်ကြောက်တယ်"
"ကျုပ်က ခင်ဗျားကိုဘယ်တော့မှမမုန်းပါဘူး ခင်ဗျားရယ် ။ အတွေးမလွန်ပါနဲ့နော်"
ထိုတော့မှ ခေါင်းလေးကို တစ်ဆက်ဆက်ငြိမ့်ပြ၏ ။ သို့ပေမဲ့ တရှုံ့ရှုံ့နှင့်ရှိုက်နေသေးသည်။
"Taehyung ... ဘာဆိုဘာမှမတွေးပါနဲ့ ။ ခင်ဗျားအနားက ကျုပ်ကိုပဲယုံကြည်ပါ ။ ခင်ဗျား ဘယ်တော့မှ အထီးမကျန်စေရဘူးလို့ ကျုပ်ကတိပေးတယ်"
***
"ငါ့အိပ်မက်တွေမကောင်းဘူး Jeoseung Saja"
Rim က တစ်ခုခုကို စိုးရိမ်နေသည့်နှယ်..
သာမန်အိပ်မက်လောက်နှင့် Rim အခုလို ပူပန်နေမှာမဟုတ်ပေ ။"ဘာအကြောင်းရှိလို့လဲ Rim"
"လူတွေ အများကြီးပဲ သေကျေပျက်စီးတယ်။ ပြီးတော့ နှလုံးသားတွေနာကျင်နေရတယ် ။ ငါတို့ရဲ့ အသိုက်အမြုံလေး ပျက်စီးမယ်လို့ မြင်ယောင်နေတယ် "
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023