#Unicode
ကံကြမ္မာဆိုးနှင့် မွေးဖွားလာခဲ့သည့် Jeon Jungkook ဆိုသည့်ကလေးငယ် ။
မွေးဖွားလာကတည်းက မိခင်ကို ဆုံးရှုံးခဲ့သူမို့ အမေခေါ်စရာရယ်လို့မရှိခဲ့ပေ ။
ဖခင်ဖြစ်သူကလဲ ယုယကြင်နာဖို့ဆိုတာ ဝေးစွ ၊ သားအရင်းအပေါ် အမုန်းကြီးမုန်းနေခဲ့တာဖြစ်သည် ။ကလေးငယ်သည် အရာအားလုံးကို ဖျက်ဆီးပစ်မည့် နတ်ဆိုးတစ်ပါးအသွင်ရှိသည်ဟူသော နတ်ဆရာမရဲ့စကားကြောင့် သူဌေးကြီး Jeonသည် Jungkook ကို မွေးဖွားမလာစေချင်ခဲ့ပေ ။ Jungkook မွေးဖွားလာတယ်ဆိုရင်ပဲ သူအချစ်ရဆုံး ဇနီးသည်သေဆုံးခဲ့ရသည်မို့ နတ်ဆရာမရဲ့စကား မှန်ကန်တယ်ဆိုတာ သက်သေပြသလိုဖြစ်ခဲ့သည် ။
မွေးကင်းစ ထိုကလေးငယ်ကို ပွေ့ပိုက်၍ အိမ်ကိုခေါ်လာခဲ့သော်လဲ ရွံရှာလွန်းသောကြောင့် နမ်းရှုပ်ခြင်းပင်မပြုခဲ့ပေ ။
Jungkook ကို သေသေရှင်ရှင် ပစ်ထားချင်ပေမယ့် မိတ်ဆွေများက Jungkook ကိုကြည့်ဖို့အတွက် အိမ်ကိုလာကြသည်မို့ သူဌေးကြီးမှာ မချစ်သော်လဲအောင့်ကာနမ်းရပြန်သည်။
"သူဌေးကြီးက ကံကောင်းလိုက်တာဗျာ ။ ကလေးကချစ်ဖို့ကောင်းတယ်"
"ဟုတ်ပနော် ... ချစ်စရာလေးရှင်"
ရောက်လာသမျှ ဧည့်သည်တွေက Jungkook လေးကို ချစ်မဝဖြစ်နေကြသည်။
သူဌေးကြီး Jeonကတော့ ထိုအချင်းအရာကို ဘဝင်မကျပေ ။သို့ပေမဲ့ သတ်ပစ်လို့မရသေးသည့် အခြေအနေမို့ သည်းခံကာနေလိုက်ရသည်။
အချစ်တွေ ၊ ယုယမှုတွေ ၊ ကြင်နာမှုတွေ ၊ နွေးထွေးမှုတွေ ဘာတစ်ခုမှမပေးပါဘဲ Jungkook လေးသည် ၅နှစ်ဆိုသောကာလအထိ ကြီးပြင်းခဲ့သည် ။"သားဗိုက်ဆာတယ်"
"ငါအလုပ်ရှုပ်နေတယ်လေ မင်းအလိုက်ကမ်းဆိုးမသိဘူးလား! မင်းဗိုက်ဆာတာက အရေးကြီးလား!"
အဖေဖြစ်သူက အော်ဟစ်လိုက်တာကြောင့် Jungkook ကြောက်လန့်၍ အိမ်ထဲကနေ ထွက်ပြေးခဲ့မိသည် ။
ဆာလောင်နေတဲ့ ဗိုက်ကလေးကလဲ တဂွီဂွီဖြင့် အချက်ပြနေလေသည် ။
ထိုစဥ်မှာ Jungkook ရဲ့အကြည့်က ခြံထဲက သိုးမကြီးဆီသို့ ရောက်သွားခဲ့သည် ။
သိုးမကြီးက သူ့ရဲ့ကလေးကို နို့တိုက်နေတာဖြစ်သည် ။
Jungkook အနားကိုသွား၍ ထိုအရာကို ငေးစိုက်ကြည့်နေမိသည် ။
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023