#Unicode
"သူဌေးလေးက အရမ်းချမ်းသာတာပဲနော်"
"ဟုတ်ပ... အခုလို ပန်းတွေအများကြီးကို စိုက်နိုင်တာ တော်ရုံတန်ရုံ ချမ်းသာရုံမကလောက်ဘူး"
အလုပ်သမားများ၏ တီးတိုးစကားများကြောင့် Jungkook မသိမသာပြုံးလိုက်သည် ။
သူလုပ်ခဲ့တဲ့အလုပ်တွေကို လူတွေကမသိဘဲ ချမ်းသာတာကိုသာ အာရုံစိုက်ကြသည် ။
ဓားပြလုပ်ခဲ့ရတာ ကောင်းသားဟု တွေးမိ၏။
အနည်းဆုံးတော့ အခုလိုဘဝမှာ နေနိုင်သေးသည်လေ ။
"ပန်းအဖြူတွေပဲစိုက်ပေးပါ... ဘယ်ပန်းအမျိုးအစားမဆို အဖြူရောင်လေးတွေပဲ စိုက်ပေး"
ပန်းလေးတွေက Taehyung ကို ကိုယ်စားပြုသည် ။
ဖြူစင်လွန်းတဲ့ Taehyung က ပန်းအဖြူလေးတွေနှင့်သာ ထိုက်တန်သည် ။
ပန်းတွေကို မျက်စိတစ်ဆုံးစိုက်ပြီး Taehyung ကို ပျော်ရွှင်စေချင်သည် ။
သူရွေးချယ်ထားတဲ့အရောင်ကိုလဲ Taehyung သဘောကျမှာ ကျိန်းသေပါ၏ ။
-
-
-
"Taehyung ...ငိုထားတာလား"
မျက်လုံးတွေရဲနေတဲ့ Taehyung ကြောင့် Jungkook စိုးရိမ်ပူပန်စွာ မေးခွန်းထုတ်လိုက်သည် ။
"စာအုပ်ဖတ်ပြီး ဝမ်းနည်းမိလို့ပါ "
ပြန်ဖြေတဲ့ Taehyung ရဲ့အဖြေလေးကြောင့် Jungkook ပြုံးလိုက်မိ၏ ။
တကယ့်ကို ချစ်စရာလေးပင် ။
"ကျုပ်ရဲ့ Taehyung ကို ဘယ်စာအုပ်ကများ ဝမ်းနည်းအောင်လုပ်တာပါလိမ့်"
"အချစ်ကိုလိမ်ညာပြီးယူတဲ့သူကြောင့် တကယ်ချစ်တဲ့လူနှစ်ယောက်က ဝေးကွာသွားတာ ဖြစ်သင့်လားဟင်..."
Taehyung စကားကြောင့် Jungkook တိတ်ဆိတ်သွားသည် ။
ထိုမေးခွန်းက သူ့ကို အရှိုက်တည့်တည့်သို့ထိစေ၏ ။
သို့သော်လည်း ပြုံးကာ
"ဖြစ်သင့်တာပေါ့ ။လိမ်ညာယူတယ်ဆိုရင်တောင် သူလဲအချစ်ခံရဖို့ ထိုက်တန်တယ်မို့လား"
"အဲ့တာက အတ္တကြီးတာ ။ ကိုယ့်ခံစားချက်တွေကိုပဲ ရှေ့တန်းတင်ပြီး တခြားလူတွေရဲ့ နှလုံးသားကိုတော့ ဖျက်ဆီးပစ်လိုက်တာ ။ သိပ်မုန်းတာပဲ"
Jungkook ရင်ဘက်ထဲက အောင့်သက်လာရသည် ။
Taehyung ပြောတဲ့စကားတွေက သူ့ကို ဦးတည်နေသလိုခံစားနေရ၏ ။
အကဲခတ်ကာကြည့်လိုက်တော့ Tae က ပြုံးပြကာ
ŞİMDİ OKUDUĞUN
WHY Not Me?(Completed)
Hayran Kurgu"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023
