Episode 9

9.9K 987 59
                                    

#Unicode

"တောင်းပန်ပါတယ် ... အသက်ကိုတော့ချမ်းသာပေးပါ ။ လိုချင်တာမှန်သမျှ ယူသွားကြပါရှင် "

ဓားပြခေါင်းဆောင်၏လက်ကနေ အသက်ရှင်သန်ဖို့အတွက် အသနားခံနေခြင်းဖြစ်၏။

"နာခံတတ်ရင် ငါကလူမသတ်ဘူး"

ဓားပြခေါင်းဆောင်က ထိုသို့ပြောသည် ။ ထို့နောက် အိမ်ထဲက အဖိုးတန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုနေ၏ ။
တစ်နေရာရောက်တော့ သူ၏ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည် ။
စာအုပ်တွေ အမြောက်အမြားရှိတဲ့ စာကြည့်ခန်းတစ်ခုကို ငြိမ်သက်စွာကြည့်နေမိသည်။
"ပျင်းရင် စာဖတ်တယ်"ဆိုသော ဆရာဝန်လေး၏ စကားတွေကို ပြန်လည်ကြားယောင်လာမိ၏။

"ဒီစာအုပ်တွေက ဘာစာအုပ်တွေလဲ"

"ဘာသာပြန် ဝတ္ထုတွေပါ"

အမျိုးသမီးငယ်က ကြောက်ကြောက်လန့်လန့်နှင့်ပြန်ဖြေသည် ။ ထိုအဖြေစကားကြောင့် Jungkook ပြုံးလိုက်သည် ။ ဘာကိုပြောချင်တာလဲဆိုတာ နားမလည်ပေမယ့် ဆရာဝန်လေး ဖတ်ချင်လိမ့်မည်ဟု တွေးမိသည် ။
ထို့ကြောင့်နောက်လိုက်တွေကို ကြည့်ကာ

"တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မင်းတို့က လိုက်ရှာလိုက် ... ငါက ဒီစာအုပ်တွေကိုယူမယ်"

ဓားပြခေါင်းဆောင်ကို မည်သူမျှနားမလည်ကြပေမယ့် အတွန့်မတက်ရဲတာကြောင့် အမိန့်နာခံရတော့သည် ။
ဓားပြခေါင်းဆောင်သည် ဝမ်းသာအားရနှင့် စာအုပ်တွေကို အိတ်ထဲထည့်ကာ ယူဆောင်နေလေ၏ ။
မျက်နှာတစ်ခုလုံး ပြုံးရယ်နေပုံက မသိရင် အလကားဝေပေးတာကို ယူနေရသလိုပင်။

.
.
.

Taehyung နဲ့ Hwa Young ထွက်ပြေးကြသော်လဲ အချိန်တိုလေးအတွင်းမှာပင် Rim ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည် ။

"အတင့်ရဲလိုက်ကြတာ ! ဒီနေရာကို ဘယ်လိုနေရာထင်လို့ အလွယ်တကူ ထွက်ပြေးဖို့ မျှော်လင့်နေကြတာလဲ ! "

Rim က ဒေါသတကြီးဖြင့် အော်ဟစ်နေသည်။
Taehyung ကငြိမ်နေပေမယ့် Hwa Young ကတော့ Rim ကို အကြည့်စူးစူးဖြင့်ကြည့်ကာ

"ဘယ်နေရာမှာပဲဖြစ်ဖြစ် လွတ်မြောက်အောင်တော့ ကြိုးစားရမှာပဲ! ဒီနေရာက ကျွန်မတို့ရဲ့ အိမ်မှမဟုတ်တာ!"

WHY Not Me?(Completed)Where stories live. Discover now