Episode 3

15.4K 1.2K 237
                                        

#Unicode

"Hwa Young .. ငါတို့ဘယ်လိုလုပ်ကြမလဲ။ Doctor Kim က အဖမ်းခံလိုက်ရပြီ"

Min Hyun ငိုချင်းချနေမိသည် ။
ဓားပြတွေလက်ချက်ဖြင့် Doctor သေသွားခဲ့ရင် ဘယ်လိုလုပ်ပါ့မလဲ ။
ဘယ်ကိုလိုက်ပြီး ဘယ်မှာရှာရမှန်းလဲမသိပေ။

"နေပါအုံး.. ဒီကိစ္စကို ရွာသားတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးလုပ်ရမှာပေါ့"

Hwa Young က တည်တည်ငြိမ်ငြိမ်ပင် စဥ်းစားရင်း ပြောလိုက်သည် ။

"စိတ်မကောင်းပါဘူး ဆရာမလေးတို့ရယ် ။ ဓားပြခေါင်းဆောင် Jeoseung Saja ရဲ့ လက်ထဲရောက်သွားရင် ကျုပ်တို့တွေဘယ်လိုမှ မတတ်နိုင်တော့ဘူး ။ ဒီကိစ္စကို ကျုပ်တို့တွေ ကူညီနိုင်မှာမဟုတ်ဘူး"

ရွာလူကြီးက နွမ်းလျစွာပြောလိုက်သည် ။
ရွာအတွက် အကူအညီလာပေးတဲ့ ဆရာဝန်လေး ဒုက္ခရောက်ရသည်မို့ များစွာစိတ်မကောင်းဖြစ်မိပေမယ့် သူတို့ဘာမှမတတ်နိုင်ပေ ။ ဓားပြဗိုလ် Jeoseung Sajaကို ဘယ်သူက ယှဥ်နိုင်မှာတဲ့လဲ ။

"Hwa Young .. ငါတို့တွေ ရဲအရာရှိ Jeonကို လှမ်းပြီး အကြောင်းကြားကြမလား"

Min Hyun စကားကြောင့် Hwa Young က သက်ပြင်းချကာ

"ငါတို့အကြောင်းကြားရင်လဲ ရဲအရာရှိက ဒီကို ချက်ချင်းလက်ငင်း ရောက်လာလို့ရတာမှ မဟုတ်ဘဲ ။ စာပို့ဖို့က ကြာချိန် 15 ရက် ဒါမှမဟုတ် တစ်လ.. အသွားအလာနဲ့ဆိုရင် အချိန်တွေ အကြာကြီးစောင့်ရအုံးမယ် ။ ဒီကြားထဲ ဆရာ့ကို အသက်ရှင်နေလျက်နဲ့ ပြန်တွေ့နိုင်ပါ့မလား"

Hwa Young က အေးအေးဆေးဆေးပြောနေပေမယ့် ဘယ်လောက်တောင် စို့နင့်နေလဲဆိုတာ အသံတွေက သိသာပါသည် ။ သူမလဲ ကြောက်ကာ တုန်လှုပ်နေသည်.. အဲ့တာကို ဖုံးကွယ်ထားရုံလေး ။

"ငါတို့တွေ ဆရာ့ကို ရသလောက်အထိရှာရမယ် ။ နင်လဲ ရဲအရာရှိကို ဆက်သွယ်ထားလိုက်"

ထိုသို့ပြောပြီး Hwa Young က စိတ်ပျက်လက်ပျက်ဖြင့် ထထွက်သွားတော့သည် ။

**

မျက်လုံးဖွင့်လိုက်ပေမယ့် ဘာကိုမှကောင်းကောင်းမမြင်ရ..
အမြင်အာရုံတွေအားလုံးက ဝေဝါးဝါးပင် ။
ဓားပြခေါင်းဆောင်ဆီမှာ အဖမ်းခံလာရသည်ကို တွေးမိတော့ လန့်သွားပြီး ချက်ချင်း ထထိုင်လိုက်မိသည် ။

WHY Not Me?(Completed)Where stories live. Discover now