#Unicode
နှစ်တွေကြာသည်အထိ လုံးဝမဖွင့်ဖြစ်ခဲ့တဲ့သေတ္တာလေးကို Hwa Young ဖွင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။အဲ့ဒီ သေတ္တာလေးကို ဖွင့်ကြည့်ဖို့အတွက် သူမ ချိတုံချတုံဖြစ်ခဲ့သည်။
ကြုံတွေ့ခဲ့ရတဲ့ အတိတ်ဆိုးတွေကိုလဲ ယနေ့ထက်တိုင် မေ့ဖျောက်လို့မရသေးပေ။
သူမလက်ထဲတွင် သေသွားရတဲ့ Rimကို မျက်လုံးထဲမှာပြန်မြင်တိုင်း နာကျင်ရသည်။
"ဟင်..."
သေတ္တာထဲမှာရှိနေသည်က ကလေးဝတ် အပေါ်ထပ်ခြုံထည်လေးပင်ဖြစ်သည်။
ထိုခြုံထည်လေးကို Hwa Young မြင်လိုက်တော့ အဖြစ်အပျက်အားလုံးကို ပြန်လည်မြင်ယောင်လာမိသည် ။
လူတွေဝိုင်းရိုက်နှပ်ခြင်းကိုခံနေရသည့် ငယ်ရွယ်သည့် မိန်းကလေးငယ်လေး ။
Hwa Young ပေးသည့်မုန့်တွေကို အားရပါးရစားရင်း ငိုနေသည့်မိန်းကလေးငယ်လေး ။
အဲ့ဒီ မိန်းကလေးက Rimတဲ့လား ..
တကယ်ပဲ Rimတဲ့လား ။
သူမ၏ရင်ထဲတွင်ဆူးအောင့်ကာနာကျင်လာရသည် ။
Rimက သူမကို အသေအချာပင်မှတ်မိခဲ့သည်ပဲ ။
အဲ့တာကြောင့်လဲ သူမကို နှိပ်စက်တာမျိုးမလုပ်ခဲ့တာထင်သည်။
နားထဲမှာလဲ Rimခေါ်သည့် မင်းသမီးလေးဆိုတဲ့နာမ်စားကိုသာ ထပ်တလဲလဲကြားယောင်လာမိသည် ။
"မေမေ.. မေမေငိုနေတာလား"
အနားကိုရောက်လာသည့် သမီးဖြစ်သူကြောင့် Hwa Young မျက်ရည်တွေကို အလျင်အမြန်သုတ်ပစ်လိုက်သည် ။
"မဟုတ်ပါဘူး ။ မေမေ နေမကောင်းလို့ပါ"
Hwa Young ပြောလိုက်တော့ သမီးငယ်လေးက သူမရဲ့နဖူးကိုစမ်းနေသေးသည် ။
"ဖက်ထားပါရစေအုံး .. မေမေ့ ချစ်ဆုံးလေးရယ်"
Hwa Young လဲ သူမ၏သမီးလေးကို ရင်ခွင်ထဲထွေးပေးထားလိုက်သည် ။
ဓားပြတွေလက်ကနေ သူမ လွတ်မြောက်ပြီး တစ်လအကြာတွင် Min Hyunနှင့် လက်ထပ်ခဲ့သည် ။
Min Hyunက သူမကို သိပ်ပြီးချစ်သလို အရမ်းလဲ ဂရုစိုက်ပေးသည် ။ဒါပေမဲ့ သူမကတော့ Min Hyun အပေါ် သံယောဇဉ်လောက်သာရှိတော့သည် ။ Min Hyunကိုချစ်ခဲ့ဖူးပေမယ့် နောက်ပိုင်းတွင် ဘယ်လိုမှစိတ်ထဲမရှိတော့ပေ ။ သံယောဇဉ်ဆိုတဲ့အရာလေးနှင့်သာ လက်ထပ်ဖို့အထိဖြစ်ခဲ့၏။သို့ပေမဲ့ သူမတို့ကိုလိုက်ဖက်လွန်းတဲ့ စုံတွဲလေးဆိုပြီး လူတကာက ချီးမွမ်းခဲ့ကြသည် ။
အစကတည်းက ရှေ့သွားနောက်လိုက်ညီခဲ့တဲ့ သူမတို့နှစ်ယောက်က လက်ထပ်လိုက်တော့လဲ လူတကာအားကျရသည့် စုံတွဲလေးဖြစ်လို့နေ၏ ။Min Hyunက သူမထင်မထားလောက်အောင်အထိ ချစ်ပေးသည် ။ အဲ့ဒီ အချစ်တွေကြောင့်ပဲ Min Hyunဆီကနေ သူမ ရုန်းမထွက်နိုင်ခဲ့တာလဲဖြစ်နိုင်ပါ၏။
ဘယ်လိုပဲဖြစ်ဖြစ် သူမတို့အတူရှိခဲ့တာလဲ အချိန်ခဏလေးမှ မဟုတ်တာဘဲ ။
ВЫ ЧИТАЕТЕ
WHY Not Me?(Completed)
Фанфикшн"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023
