#Unicode
အလင်းရောင်ဝါမရှိသည့် အခန်းငယ်လေးထဲတွင် Jungkook မှိုင်တွေစွာထိုင်နေသည် ။
ဒဏ်ရာဒဏ်ချက်တွေများပေမယ့် အဲ့တာတွေထက်ပိုနာတာက ရင်ထဲကပင် ။
သူ့ရဲ့ Taeက ရုတ်တရက်ကြီးဘာလို့ ပြောင်းလဲသွားလဲဆိုတာ သူစဥ်းစား၍မရပေ။
ဓားပြခေါင်းဆောင်က ဘယ်လိုနည်းလမ်းတွေကို ထုတ်သုံးခဲ့သလဲ ။နားထဲကမထွက်တဲ့ အဲ့ဒီဓားပြကောင်ကို ယောက်ျားဟုခေါ်လိုက်တဲ့ Tae ရဲ့အသံ။
တိုင်းဆလို့မရအောင်နာကျင်ရသည် ။သူ့အပေါ်ကို အကြင်နာမျက်ဝန်းတွေနဲ့သာကြည့်တတ်တဲ့ Taeက အခုတော့ စိမ်းစိမ်းကားကား ဆက်ဆံသွားသည် ။
"Taeရယ် .. ကိုယ်ဘယ်လိုလုပ်ပြီး မနာကျင်ဘဲနေပါ့မလဲ ။ ကိုယ့်ကို နှိပ်စက်သမျှလက်နက်တွေထဲမှာ ဒီလက်နက်ကအဆိုးဆုံးပဲ ။ ကိုယ်ဘယ်လို ခံနိုင်ရည်ရှိမှာတဲ့လဲ"
ငယ်ငယ်ကတည်းက Taehyung ဆိုတဲ့ ချစ်ရသူရဲ့ မျက်နှာကိုသာကြည့်ကာ သူရှင်သန်နေထိုင်ခဲ့သည် ။
ချစ်ရသူရဲ့ စကားတစ်ခွန်း ၊ အကြည့်တစ်ချက်တိုင်းက သူ့ရဲ့ဝင်သက်ထွက်သက် ၊ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုများနှင့် ဆက်စပ်နေသည်။Kim Taehyung နှင့် ပတ်သက်လျှင် ထိလွယ်၊ ရှလွယ် ၊ ခံစားလွယ်သည် ။
Kim Taehyung ငိုတာနှင့် သူဟာ လဲပြိုသွားနိုင်သည်အထိ Kim Taehyung ကိုချစ်သည်။ဘယ်အရွယ်ကတည်းက စချစ်သည်လဲ ...
အချစ်ဆိုတာကို စပြီးသိတဲ့အရွယ်ကတည်းကချစ်သည် ။ဘယ်အချိန်ထိ ဆက်ချစ်နေမှာလဲ ...
ခန္ဓာကိုယ်မြေကြီးထဲရောက်ပြီး အရိုးဆွေးသည်အထိချစ်မည် ။
ဒီဘဝတင်မကဘဲ သံသရာအဆက်ဆက်မှာတောင် Kim Taehyung တစ်ယောက်ထဲကိုသာ ချစ်လိုသည် ။အပိုတွေဆိုခြင်းမဟုတ်.. ရှင်သန်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ Kim Taehyung ကလွဲရင် ဘာကိုမှမမြင်အောင်အထိ ချစ်ပေးခဲ့သည် ။
စာစပြီး ရေးတတ်တဲ့အရွယ်မှာ အရင်ဆုံး တတ်မြောက်ပြီး ကျွမ်းကျင်ခဲ့တာက Kim Taehyung ရဲ့ အမည်နာမ ။
အချစ်ဆိုတာကိုသိပြီး စချစ်ခဲ့တာလဲ Kim Taehyung ပင် ။Kim Taehyung ဆိုတာ Jeon Jungkook အတွက် အမြဲတမ်း ပထမ ဦးစားပေး။
အသည်းနင့်အောင်ချစ်ရသည်မို့ အဆုံးအရှုံးမခံနိုင်ပေ ။
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023