#Unicode
ရေကန်ထဲမှာပင် ပြင်းပြင်းပြပြအနမ်းခံနေရသည် ။ Taehyung ၏ နှုတ်ခမ်းတစ်ခုလုံး ထူပူလို့ရယ် ...
Taehyung ကြောက်လန့်လာကာ တုန်လှုပ်လာသည် ။
ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေထဲတွင် ထိုအကြောက်တရားကို မြင်နိုင်ပါ၏ ။ရင်ဘက်ကိုထုရိုက်လိုက်တော့ နှုတ်ခမ်းကိုတစ်ချက်ဆွဲကိုက်ကာ လွှတ်ပေးသည် ။
Taehyung အားမရှိတော့သလို ပျော့ခွေသွားကာ မျက်ရည်တွေပင် ကျလာသည် ။
ဓားပြခေါင်းဆောင်ကို သူအရမ်းပင်ကြောက်နေမိပြီဖြစ်၏ ။"ဟိတ်.. မငိုရဘူးလေကွာ"
ဓားပြခေါင်းဆောင်က ပွေ့ဖက်နှစ်သိမ့်ဖို့လုပ်ပေမယ့် Taehyung ရုန်း၍ လက်အုပ်လေးချီကာ
"တောင်းပန်ပါတယ် ခေါင်းဆောင် .. ကျွန်တော်ကြောက်တယ် .. ဟင့်.. ကျွန်တော့်ကို ဘာမှမလုပ်ပါနဲ့ "
ယောက်ျားမာနဆိုတာကို Taehyung ထည့်မတွက်နိုင်တော့ဘဲ ငိုချင်းချကာ တောင်းပန်မိ၏။
ယောက်ျားတစ်ယောက်ဆီကနေ ကိုယ်ထိလက်ရောက်စော်ကားခံရသည်ကို သူတကယ်ပဲ ကြောက်ပါသည် ။"မငိုပါနဲ့ ..ကျုပ် ခင်ဗျားကိုဘာမှမလုပ်ဘူးလေ ။ ကျုပ်ကိုမကြောက်ပါနဲ့"
ပါးပြင်ကို နှာခေါင်းနှင့်ပွတ်ဆွဲရင်း ချော့မြှူနေသည် ။ လေသံကလဲ အချိုစားထားသလိုမျိုး ချိုသာနေ၏ ။
"အဲ့ဒီနေ့ညက ကျုပ်မူးသွားခဲ့လို့ပါ ။ ကျုပ် တောင်းပန်ပါတယ် .. တကယ်မရည်ရွယ်ခဲ့ပါဘူး ။ ဒီကရှေ့ ခင်ဗျားဆန္ဒမပါရင် ခင်ဗျားကို မထိပါဘူးလို့ ကတိပေးတယ် .. ခင်ဗျားမငိုနဲ့တော့နော်"
ကြမ်းတမ်းတဲ့ ဓားပြခေါင်းဆောင်ကြီးက သူ့ရဲ့ ဆရာဝန်လေးကို နူးညံ့စွာ ချော့မော့ပြောဆိုနေသည် ။
Taehyung ကတော့ဘာမှပြန်မပြောဘဲ တအိအိသာငိုနေ၏ ။"ရေချိုးလိုက်နော်.. ကျုပ်သွားတော့မယ်"
Jungkook တဘက်ပတ်၍ ရေထဲကနေ ထွက်သွားသည် ။
Taehyung ရေကန်ထဲတွင် တစ်ကိုယ်လုံး တုန်ယင်ကာ ကျန်နေခဲ့၏ ။
သူကြောက်သည် .. ဒီလိုနေရာကနေ အမြန်ဆုံးထွက်သွားချင်ပြီဖြစ်၏ ။"ငါအခု အပြင်မှာရောက်နေတာပဲ.."
Taehyung ၏ မျက်လုံးတွေ အရောင်တောက်လာသည် ။ ထို့နောက် ဝါးလုံးတန်းပေါ်မှာတင်ထားတဲ့ တဘက်ကို ခါးမှာပတ်လိုက်သည် ။ပြီးတော့ နေရာကနေ အလျင်အမြန်ပြေးထွက်လိုက်၏ ။
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023