#Unicode
"ငါအဲ့တာကြောင့် Jeon ကို အနားယူဖို့ပြောတာ.. အခုတော့ ဖြစ်ပြီမဟုတ်လား"
အိပ်ရာပေါ်တွင် ဖျော့တော့စွာလဲလျောင်းနေတဲ့ Jeon ကို ဆူပူလိုက်သည် ။
အလုပ်နှင့် ပတ်သက်လျှင် လောဘကြီးသည့် ရဲအရာရှိ Jeon က ကျန်းမာရေးကိုတော့ ဂရုမစိုက် ...
"Tae ကလဲ"
"Taeကလဲ လုပ်မနေနဲ့ ။ ငါ့စကားကို Jeon ဘယ်တုန်းကမှ နားမထောင်ဘူး"
Tae စိတ်ဆိုးကာ နှုတ်ခမ်းစူသွားမိသည် ။
တာဝန်တွေ ၊ ဝတ္တရားတွေကိုနားလည်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်အထိ တိုင်းပြည်တာဝန်ကို ကျေပွန်ပေးနေသည်ကတော့ လွန်လွန်းသည်မဟုတ်လား ။
"ကိုယ် တောင်းပန်ပါတယ်Tae"
မျက်နှာငယ်လေးနှင့် ဆိုလာတော့လဲ Tae စိတ်မကောင်းဖြစ်မိပြန်သည် ။ နေမကောင်းတဲ့သူကို စိတ်ထိခိုက်အောင်လုပ်သလိုဖြစ်သွား၏ ။
"Jeon...ငါမင်းကို စိတ်ပူလို့ပါ"
Jeon ရဲ့ လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ရင်းဆိုလိုက်သည် ။
Jeonကလဲ သူ့လက်ကလေးကို ပြန်လည်ဆုပ်ကိုင်ကာ
"ကိုယ့်ကို သောက်ရမယ့်ဆေးတွေပေးပါအုံး ဆရာဝန်ချောချောလေး"
ရွှတ်နောက်နောက်စကားကြောင့် Tae ပြုံးလိုက်မိ၏ ။
သူ့ရဲ့ Jeon ကတကယ့်ကို လူနောက်ကလေးပါပင် ။
"ဆေးပေးရင် ဂရုတစိုက်မသောက်ဘဲ နေမှာစိုးလို့ ငါကိုယ်တိုင်တိုက်မှာ"
"Tae ပေးတဲ့ဆေးဆိုရင် ကိုယ်ကမသောက်ဘဲနေခဲ့တာ ရှိလို့လား "
Tae ကျေနပ်စွာပြုံးလိုက်ပါ၏ ။
ရဲအရာရှိ Jeon က အရမ်းကို စကားတတ်လွန်းသည်လေ ။
Jeon နဲ့ Tae သည် ငယ်ငယ်ကတည်းကအတူရှိလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်၏ ။ သို့သော်လည်း အရွယ်ရောက်လာသည့်အခါ ခံစားချက်တွေ ပြောင်းလဲသွားခဲ့ပြီး သူငယ်ချင်းထက် ပိုခဲ့ကြသည် ။
အချစ်တွေကို ဖွင့်ဟဝန်ခံလိုက်ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြသည် ။
ငယ်သူငယ်ချင်းတွေဖြစ်သည့်အလျောက် သံယောဇဉ်တွေကလဲ ကြီးမားကြသည် ။
Jeon ရဲ့အချစ်ဦးက Tae ဖြစ်သလို Tae ရဲ့အချစ်ဦးကလဲ Jeon ပါပင် ။
VOUS LISEZ
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023
