#Unicode
"Taehyung ...ခင်ဗျားသူ့ကို သိပ်ချစ်တာပဲလား"
ဓားပြခေါင်းဆောင်ရဲ့ထိုစကားကြောင့် Taehyung မျက်ရည်တွေကို ကပျာကယာသုတ်ကာလှည့်ကြည့်လိုက်သည် ။
သို့သော်လည်း ဘာစကားမှတော့ပြန်မပြောဖြစ်ပေ ။"ကျုပ် တစ်ချိန်လုံး စဥ်းစားကြည့်ပေမယ့် အဖြေမထွက်ဘူး ။ သူနဲ့ကျုပ်က အားလုံးတူညီတယ် .. ရုပ်ရည်ကအစ နာမည်အဆုံး အားလုံးက တစ်ထပ်တည်းပဲ ။ ဒါပေမဲ့ ခင်ဗျားကသူ့ကိုပဲချစ်နိုင်တာ ဘာလို့လဲ"
သူ့ချစ်သူကို လွမ်းဆွေးနေတတ်တဲ့ Taehyung ရဲ့ပုံစံလေးကို ခေါင်းဆောင် ခဏခဏမြင်ရသည် ။
တစ်ချိန်လုံးဝမ်းနည်းနေတဲ့ ဆရာဝန်လေးက ဟိုအကောင်နှင့်တွေ့ခွင့်ပေးတဲ့အခါမှသာ ရွှင်ပျသည် ။
ပုံမှန်အချိန်တွေမှာ အသက်မပါတဲ့ ကြွေရုပ်ကလေးတစ်ရုပ်လိုပင် ။"ခေါင်းဆောင်... ကျွန်တော်တို့ကိုပြန်လွှတ်ပေးလို့ရမလား ။ ကျွန်တော်တို့ ပင်ပန်းနေရပြီလေ ။ အခုလိုမျိုး ဖမ်းဆီးထားရင်လဲ ဘာမှမထူးပါဘူး ... ကျွန်တော်က ခေါင်းဆောင်ကိုမချစ်ဘူး ။ အချစ်ဆိုတာ လုပ်ယူလို့လဲမရဘူး ။ ဘယ်လောက်ပဲ ရုပ်ချင်းတူပါစေ .. ကိုယ်ချစ်တဲ့သူကိုပဲခံစားနိုင်တယ်"
ထိုအခါ ခေါင်းဆောင်က ဟက်ခနဲရယ်သည်။
ထို့နောက် Taehyung ၏ ဆံပင်တွေကိုထိုးဖွာကာ"မချစ်နိုင်တော့ဘူးဆိုရင်လဲ ကျုပ်က မတောင်းဆိုတော့ဘူး Taehyung ... ဒါပေမဲ့ ခင်ဗျားကို ကျုပ်သေတဲ့အထိ ကျုပ်အနားမှာပဲထားမယ် ။ ကျုပ်ကပဲ ချစ်ပေးမယ် ... ခင်ဗျားက အနားမှာနေပြီး အချစ်ခံပေးရုံပါပဲ"
မွေးကတည်းက သူ့ကိုဘယ်သူကချစ်ပေးခဲ့လို့လဲ ...
ဘယ်သူကများ ကြင်နာနွေးထွေးမှုတွေပေးခဲ့လို့လဲ ။
အချစ်ဆိုတာကို မရလဲ သူ့အတွက်တော့ ဘာမှမထူးခြားသွားပေ ။
Taehyung ဆီက အချစ်တွေကို လိုချင်မိပေမယ့် မရလဲဖြစ်သည် ။ အဓိက က သူ့အနားမှာ Taehyung ရှိနေဖို့ပါပဲ ။
Taehyung ကိုတော့ သူလက်လွှတ်လို့မဖြစ်သည်မို့ ။**
"ဒါက နင် ဖော်စပ်ခိုင်းထားတဲ့ဆေးပဲ"
Rim ကမ်းပေးလာတဲ့ ဖန်ပုလင်းလေးကို Jungkook လှမ်းယူလိုက်သည် ။
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023